9

2.2K 89 7
                                    

Unicode

အပိုင်း -၉

"ဘီဘီမြသည်းညှာ...."

မင်းသမာဓိ ကားကို မူကြိုရှေ့ထိုးရပ်‌ပြီး အပေါက်ဝက ဆရာမတစ်ယောက်ကို ကျောင်းသားကြိုသည့်ကတ်လေး လှမ်းပေးလိုက်သည်။ထိုဆရာမက အတွင်းထဲကိုမျှော်ကြည့်လျက် သမီးနာမည်ကို အော်ခေါ်ပေး၏။

"ဖေ့...."

"ဖေ့..."

ဆရာမဆူး သမီးလေးကိုချီပြီး ထမင်းချိုင့်ဆွဲ၍ ထွက်လာသည်။

ဆရာမလက်ပေါ်မှသမီးလေးမှာ သူ့ကိုမြင်တော့ တွန့်တွန့်လူးပြီး ရုန်းကန်နေ၏။ဆရာမလေးက သမီးကို အောက်ချပေးချိန်မှာတော့ လှုပ်တုတ်လှုပ်တုတ်ဖြင့် သူ့ဆီကို ပြေးလာသည်။သူလည်း
သမီးကို ဆီးကြိုပွေ့ဖက်ပြီး တစ်နေကုန်မတွေ့ရ၍ အတိုးချပြီး မွှေးမွှေးပေးလိုက်သည်။

"ဘီဘီလေး ထမင်းချိုင့်ပါ..."

ချိုအေးတဲ့အသံကြောင့် သမီးကိုမွှေးနေရာမှာ သူလှည့်ကြည့်မိသည်။ပြေလျော့လျော့ ဆံထုံးပုံ့ပုံ့လေးထက်မှာ ပန်းအခွေလေးက ခြောက်သွေ့နေပြီ။သို့သော် ဆရာမဆူးမျက်နှာကတော့ လန်းဆန်းတက်ကြွနေဆဲပင်။

ထမင်းချိုင့်ကိုင်ပြီး မတ်တတ်ရပ်နေဆဲ ဆရာမဆီပြုံးကြည့်ပြီးနောက် သူ နှုတ်ခွန်းဆက် စကားဆိုလိုက်သည်။

"ဆရာမ ကျွန်တော့်သမီးလေးအဆင်ပြေရဲ့လားခင်‌ဗျ...."

"ပြေပါတယ်ရှင်....တချို့ကလေးလေးတွေ ကျောင်းစလိုက်ရင် အဲ့ဒီလိုပဲ....ငိုကြသူ‌တွေရှိပါတယ်....နောက်တော့လည်း ပျော်သွားတာပါပဲ....."

"တော်ပါသေးရဲ့ဗျာ.....ကျွန်တော့်မှာ အလုပ်ကိုသာ ပြန်သွားရတာ.....သမီးလေးပျော်ပါ့မလားနဲ့ စိတ်က တထင့်ထင့်ရယ်....."

"ကိုယ်ချင်းစာပါတယ်.....ဦးမင်းမြတ်ဟန်ကလေးလေးက နေတတ်သူလေးပါ....."

ဆရာမလေးပါးစပ်က 'မင်းမြတ်ဟန်'လို့ တစ်ခါအသံထွက်လေတိုင်း သူ့မှာကျောတွန့်ရသည်။ဒီနေ့တော့ ဒီကိစ္စကို ပြောမှဖြစ်တော့မည်။

"ဆရာမကို ကျွန်တော်ပြောစရာရှိလို့ဗျ...."

"ဟုတ်ကဲ့ပြောပါ...."

ဒုတိယမမည်သော ဖူးစာ Complete (ဒုတိယမမည္ေသာ ဖူးစာ )Место, где живут истории. Откройте их для себя