Unicode
အပိုင်း -၇
တီချယ်ကြီးရုံးခန်းမှထွက်လာသည့် ဆူး အပျော်လွန်နေသည့်မျက်နှာကို နည်းနည်းလေးမှ ဟန်ဆောင်ဖုံးလို့ မရပေ။တီချယ်ကြီးရှေ့မှာမို့ ထခုန်ချင်သည့်စိတ်ကို မနည်းထိန်းနေရသည်။
တီချယ်ကြီးက သူမကို ရုံးခန်းထဲခေါ်ပြီး လက်ထောက်ဆရာမအဖြစ် လုပ်ချင်လားမေးလာ၏။ပထမ ၃ လကိုလက်ထောက်ဆရာမလစာ အပြည့်မပေးသေးဘဲ မူကြိုဆရာမတစ်ယောက်အတွက် လိုအပ်သည့် ECCD သင်တန်းကို တက်ရမည်ဟုဆိုသည်။၃ လစာလျော့ထားသည့်အတွက် သင်တန်းကြေးပေးစရာမလို ဟုထပ်ဆောင်းပြောသည်။
ဒီလို အခွင့်အရေးမျိုးမှ ဖမ်းဆုပ်မထားလျှင် ဒီလောကမှာ ဆူးလောက်မိုက်သူမရှိတော့။သူမ မဆိုင်းမတွပဲ ခေါင်းညိတ်ခဲ့သည်။တောက်တိုမယ်ရ လုပ်စဉ်မှာလည်း အခြားတီချယ်တွေသင်သည့်ပုံစံများကို အတုယူမှတ်သားထားသည်။
ကိုယ်စွမ်းဉာဏ်စွမ်းဖြင့် လေ့လာခွင့်ရနိုင်သမျှ လေ့လာ၏။အခုလို ဆရာမပီပီသသ လုပ်ရမည်ဆိုလျှင် အင်္ဂလိပ်စာကိုပါ ပြန်လေ့လာရမည်။သားလေးကိုလည်း ထိုနည်းလမ်းများအတိုင်း ပြုစုပျိုးထောင်ပေးရမည်ဟု တွေးထားသည်။
ဆူး လက်ထောက်ဆရာမ ဖြစ်လာပြီးကလေးများအပေါ် အသင်အပြင်ကောင်းလာလျှင် အတန်းပိုင်အဖြစ် ထပ်တိုးမည်။အိုးးးး ကျေနပ်စရာကောင်းပါဘိ။
"မေမေ ဘာလို့ ပြုံးနေတာလဲ....."
"ဟင် မေမေ ပြုံးလိုက်တာလား....."
သားသားမေးလေမှ သူမ သတိဝင်လာ၏။သူမကိုယ်သူမ ပြုံးနေမှန်းတောင် သတိမထားမိ။
"ဟုတ်တယ်လေ.....မျက်နှာကြီးက ပြုံးနေတဲ့ဟာကို...."
"မေမေပျော်လို့ပါ သားရဲ့...."
"မေမေပျော်ရင် သားလည်း ပျော်တယ်...."
"အင်းပေါ့....ဒီနေ့ မေမေက သားသားကို ရေခဲမုန့်လိုက်ကျွေးမယ်လို့ ကတိပေးထားတယ်....ဆိုတော့ သွားကြစို့ဟေ့...."
"ရေးးးးးရေခဲမုန့်စားရတော့မယ်ဟေ့....."
သူမနှင့်သားသား တစ်ယောက်လက်တစ်ယောက်ဆွဲပြီး အဆောက်အဦးထဲမှ ထွက်လာသည်။တံခါးအပြင်ဘက် အရောက်တွင်
ESTÁS LEYENDO
ဒုတိယမမည်သော ဖူးစာ Complete (ဒုတိယမမည္ေသာ ဖူးစာ )