20

2.9K 94 8
                                    

Unicode

အပိုင်း -၂၀

မွေးနေ့ကိတ်ခွဲ၍ ဘီဘီ့ကိုဆုတောင်းပေးပြီးနောက်မှာ ဧည့်သည်များအားလုံးစားကြ၊သောက်ကြ၊ ရယ်ကြမောကြနှင့် တစ်နေ့တာဘဝအမောကို ဖြေဖျောက်ရသည်။ဧည့်သည်ဆိုပေမဲ့လည်း များများစားစားတော့ မဟုတ်။သူ့ကုမ္ပဏီမှဝန်ထမ်းများကို ကျွေးမွေးချင်၍ အဓိကထားဖိတ်ခဲ့ပြီး သမီးလေးကျောင်းမှ ဆရာမအားလုံးကိုလည်း ဖိတ်စာနှင့်အတူ တကူးတကဖိတ်ထားသည်။လာကြသူလည်းရှိသလို အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်၍ တောင်းပန်သူများလည်းရှိ၏။သူ့ဆရာမလေးကိုတော့ မလိုက်ဘဲငြင်းဆန်နေမည်စိုး၍ ကားနှင့်သွားခေါ်ထားသည်။

သားနှင့်သမီးကို ဘေးတစ်ဖက်စီထားပြီးသူတို့လက်ညိုးထိုးသမျှ ပန်းကန်ထဲထည့်ပေးနေရသဖြင့် ကိုယ်တိုင်စားဖို့အလှည့်မရောက်နိုင်သည့် ဆရာမလေးကို ငေးကြည့်နေသည်။ဆရာမလေးမှာအခုချိန်ထိ ကောင်းကောင်းမစားရသေးမှန်း သူသိပေမဲ့လည်း သွားမကူဖြစ်။ဧည့်သည်တွေနှင့်မို့ အနှောင့်အယှက်ဖြစ်မည်စိုး၍ ငေးမြဲတိုင်းငေးနေသည်။ဧည့်သည်တွေရှင်းမှပဲ သူမလေးကို သီးသန့်ပြန်ဧည့်ခံရမည်။

*အဟွန်းးးး

ခုနတုန်းက ကားနားမှအဖြစ်အပျက်ကို ပြန်စဉ်းစားမိပြီး သူ့မျက်နှာမှာ ကျေနပ်ပြုံးတို့က ဖြစ်ပေါ်သွားသည်။သူ့ရင်ခွင်ထဲရှိနေသည့် ကိုယ်လုံးအိအိလေးကို ထွေးဖက်လို့အားမရနိုင်။သို့သော်လည်း ဧည့်ခံပွဲကြီးကရှိနေ၍ သူ့စိတ်ကိုချိုးနှိမ်ပြီး ဧည့်သည်တွေရှိရာဆီ ပြန်လာခဲ့ရသည်။

ညနေတုန်းက ဆရာမပုလဲ သူ့ဆီဖုန်းလှမ်းဆက်ပြီး အဖြစ်အပျက်တစ်ခုကို ပြောပြထားသည်။ထိုအကြောင်းအရာကိုစဉ်းစားမိတော့ သူ့စိတ်ကမှုန်မှိုင်းသွားပြန်သည်။ဆရာမလေးတို့သားအမိကို ဘယ်လိုနည်းနှင့်မှ စိတ်မချနိုင်တော့ပေ။သူ့အရိပ်၊ သူ့ကာကွယ်မှုအောက်မှာ ပျော်ရွှင်စွာနေစေ့ချင်လှပါပြီ။

ရုံးဝန်ထမ်းအဖွဲ့ ပြန်သွားပြီးနောက်မှာ ဧည့်သည်များက သိသိသာသာကိုကျဲသွားသည်။သူ ဆရာမလေးဆီသွားဖို့ မတ်တတ်ထရပ်၏။

ဒုတိယမမည်သော ဖူးစာ Complete (ဒုတိယမမည္ေသာ ဖူးစာ )حيث تعيش القصص. اكتشف الآن