15

3.1K 104 9
                                    

အပိုင်း -၁၅

"ဆ ဆရာမ..."

"ချယ် ဆူး...."

ဘီဘီ့ခေါ်သံနှင့်အတူ နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အံ့ဩလွန်း၍ ဘာစကားမှမဆိုမိ။

မင်းသမာဓိမှာ ကျောင်းပိတ်ရက်နှစ်ရက်အတွင်း အလုပ်နှင့်သမီး၊ သမီးနှင့်အလုပ်ဖြင့်သာ အချိန်ကုန်ရသည်။ဆရာမကိုတွေ့ချင်လွန်း၍ ကျောင်းမြန်မြန်ဖွင့်ပါစေသာ ဆုတောင်းနေသူ။
အခုတော့ သူ့ဆုတောင်းတွေ ပြည့်ပြီထင်သည်။သူတမ်းတနေရသူက သူ့မျက်စိရှေ့တည့်တည့်ရောက်လာပြီ။

သူ့အမြင်မှာ မိန်းကလေးတစ်ယောက်ပါတိတ်ဝတ်လျှင် မိန်းမကြီးဆန်သည်ဟုသာယူဆထားပေမဲ့ ဒီနေ့ ဆရာမလေးက ပါတိတ်ဝမ်းဆက်လေး ဝတ်ထားပြန်တော့ တစ်မျိုးလေးလှနေသည်။

မြင်နေကျ ယူနီဖောင်းနှင့်ဆံထုံးမဟုတ်ဘဲ ဆံနွယ်ရှည်တွေကို ကျောနောက်မှာ ရိုးရိုးလေးသာ စည်းနှောင်ထား၏။သူ့မျက်လုံးထဲမှာ ခုခေတ်ကောင်မလေးတွေထက်  ဒီအမျိုးသမီးသည်သာ အယဉ်ဆုံး၊ အလှဆုံးဖြစ်လို့နေသည်။

"ဦးဦး ဒါ သားမေမေလေ...."

"ဟင် အေးအေး....သိတယ်လေကွာ...."

"မသိဘူးလေ....ဦးဦးက မေမေ့ကို မျက်လုံးကြီးပြူးပြီး ကြည့်နေတာကိုး.... မမှတ်မိဘူး ထင်လို့...."

ပေါက်စလေးစကားကြောင့် မင်းသမာဓိ မျက်နှာမထားတတ်အောင် ထူပူသွား၏။သူ ငမ်းနေတာ ကလေးမိသွားပြီ။

"ဟို ဆရာမကို ဒီဘက်မှာတွေ့လို့ အံ့ဩနေတာ....အဒေါ်လည်း ပါလာတာကိုးးး အဒေါ်နေကောင်းသွားပြီလား ခင်ဗျ...."

"အေး ကောင်းသွားပါပြီကွယ်..."

ဒေါ်ဝါဝါနွယ် မင်းသမာဓိကို မှတ်မိပါသည်။သမီးအနားမှာ ဒုတိယအကြိမ်မြောက်မြင်ရသည့် ကောင်လေးဖြစ်၍ အကဲခတ်ပြီး မယုတ်မလွန် ဖြေလိုက်သည်။

"ချယ် ဆူး...."

"ဘီဘီလေး ကြည့်စမ်း....ပြေးလွှားဆော့နေလိုက်တာကွယ်..."

"ချီ...."

ဘီဘီက လက်ကမ်းပေးလျက်ဆိုလာ၍ သူမ ဘီဘီ့ကို ကောက်ပွေ့လိုက်၏။

ဒုတိယမမည်သော ဖူးစာ Complete (ဒုတိယမမည္ေသာ ဖူးစာ )Nơi câu chuyện tồn tại. Hãy khám phá bây giờ