23

2.8K 77 0
                                    

Unicode

အပိုင်း ၂၃

"ညီမ...."

"ရှင် အကို...."

"ညီမကိုမပြောဘဲ surprise လုပ်လို့ ကိုယ့်ကိုစိတ်ဆိုးနေလား....."

"မဆိုးပါဘူး အကိုရယ်....အမှန်အတိုင်းဝန်ခံရရင် အစကတော့ နည်းနည်းအားငယ်မိတယ်....ဘေးပတ်ဝန်းကျင်ကပြောလာမှာတွေကို တွေးကြောက်နေတာလေ....."

"အခုရော...."

မင်းသမာဓိ ဆူးလက်တစ်ဖက်ကိုဆုပ်ကိုင်၍ မေးလိုက်သည်။

"အခုတော့ မကြောက်တော့ပါဘူး...
ဆူး အကို့ကို လုံးဝယုံကြည်အားကိုးထားလိုက်ပြီ...."

"ဆူးရဲ့ယုံကြည်မှုကို ကိုယ်ဘယ်တော့မှ အလွဲသုံးစားမလုပ်ဘူး....အဲ့ဒါ ယုံထား...."

မင်းသမာဓိ သူမနဖူးလေးထက်ကို အနမ်းတစ်ပွင့်တင်၍ ကတိအထပ်ထပ်ပေးမိသည်။

အကို့ရင်ခွင်မှာ မှီတွယ်လျက် ရောင်စုံမီးရောင်အောက်မှာ စားသောက်ပျော်မြူးနေသည့် သားနှင့်သမီးကိုကြည့်ပြီး သူမရွေးချယ်မှု မှန်ကန်တယ်ဆိုတာကို တထစ်ချယုံကြည်ထားသည်။

မနက်ပိုင်းက အကိုနှင့်သူမ တရားရုံးသွားပြီး မင်္ဂလာလက်မှတ်ရေးထိုးကြသည်။ပုလဲတို့လင်မယားက အသိသက်သေနေရာမှ လာရောက်ကူညီပေး၏။

သူမအနေဖြင့် မင်္ဂလာဧည့်ခံပွဲကိုအကြီးအကျယ်မလုပ်ရသော်လည်းစိတ်ထဲ ဘယ်လိုမှမခံစားရပေ။တစ်သက်မှာ တစ်မင်္ဂလာဟုဆိုကြပြီး မင်္ဂလာတွေ အကြီးအကျယ်ဆောင်ကြ...ပြီးလျှင်ကွဲကြပြဲကြနှင့်....ဒီလိုအိမ်ထောင်ရေးမျိုးတွေ ဒီလောကမှာ အများကြီးရှိသည်။သူမကို ရပ်မိရပ်ဖများရှေ့တွင် တင့်တောင့်တင့်တယ်ဖြင့် လာရောက်တောင်းရမ်းလက်ထပ်ယူပေးသည့် အကို့‌ကိုကျေးဇူးတင်ရပါသည်။ထို့ထက်ပိုပြီး သူမ ဘာမှမလိုချင်တော့ပေ။

သို့သော် အကိုက သူမ မသိအောင် မင်္ဂလာညစာစားပွဲကို စီစဉ်ထားခဲ့သည်။အကို့စီစဉ်မှုတွေကို သူမ ဘာတစ်ခုမှမသိခဲ့။ညနေပိုင်းမိတ်ကပ်ဆရာရောက်လာမှ သူမ ဝတ်ရမည့်ဝတ်စုံကိုပါ အကိုကစီစဉ်ထားမှန်း သိရသည်။

ဒုတိယမမည်သော ဖူးစာ Complete (ဒုတိယမမည္ေသာ ဖူးစာ )Onde histórias criam vida. Descubra agora