Unicode
ဆူး မေမေ့လိပ်ပြာအတွက် ပြင်ဆင်ထားသည့်ခုတင်နားတွင် ဘေးစောင်းမှီလျက် ထိုင်နေသည်။မေမေဆုံးသွားပြီ။
မေမေဟာ ဆူးအပေါ်မှာ လိုအပ်သည်ထက်ကို တာဝန်ကျေပေးခဲ့ပါသည်။ဆူးတို့သားအမိဘဝ အေးအေးဆေးဆေးနေနိုင်ဖို့ ကြိုးစားပေးခဲ့သည်။ခြံလေးတစ်ခြမ်းရောင်းပြီး ရသည့်ငွေနှင့် ပထမဆုံးအနေဖြင့် သူ့မြေးကိုအလှူပေးခဲ့သည်။သူများတွေလို တခမ်းတနားရယ်လို့မဟုတ်။သားကြီးရှင်ပြုပုံစံမျိုးဖြင့် ဘုန်းကြီးကျောင်းမှာလှူခဲ့သည်။လက်ရှိနေနေဆဲအိမ်ကိုပြင်ပြီး အုပ်ခံဖြင့် အခိုင်အမာပုံစံပြန်လုပ်ခဲ့၏။
ဆူးလည်းမေမေ့ကို အစွမ်းကုန်ပြုစုပေးနိုင်ခဲ့ပါသည်။ဒါပေမဲ့ မေမေဟာ သူ့နေဝင်ချိန်ကို သိနေပုံရသည်။အရာအားလုံး အဆင်ပြေချောမွေ့သွားပေမဲ့ ဆူးတို့သားအမိကိုတော့ စိတ်ချမသွားပေ။နောက်ဆုံးအချိန်ထိတောင် ဆူးကိုမင်းသမာဓိနှင့်လက်ထပ်ဖို့ တဖွဖွမှာခဲ့သည်။မင်းသမာဓိကလည်း မေမေ့ဆီမှာ ဆူးကိုမေတ္တာရှိသည့်အကြောင်း ဖွင့်ပြောခဲ့သည့်အတွက် မေမေက သူနှင့်လက်ထပ်စေချင်သည်။ဒါပေမဲ့ ဇွတ်တော့ မစီစဉ်ခဲ့ရှာ။ဆူးကလည်း အိမ်ထောင်ရေးကို ကြောက်လွန်းမက ကြောက်၍ သားလေးနှင့်နှစ်ယောက်အတူတူသာ ဘဝကို ဖြတ်သန်းချင်သည်။
"မေမေ မေကြီးကလေ သားတို့ဆီ ပြန်မလာတော့ဘူးပေါ့ ဟုတ်လား....."
"သား လာ မေ့ဆီလာ....."
သားလေးက သူမကိုမေးခွန်းမေးရင်း သူမရင်ခွင်ထဲ တိုးဝင်လာသည်။
"ဟင် မေမေ သားမေးတာ ဟုတ်လားလို့...."
"ဟုတ်တယ်သားသား....မေကြီးက မေမေတို့ဆီပြန်မလာတော့ဘူး .... အဲ့ဒါကြောင့် သားက မဆိုးရဘူးနော်...."
"မဆိုးပါဘူး.....ဒါပေမဲ့ မေကြီးကို ပြန်လာစေချင်တာ မေမေရဲ့.....ခေါ်လို့ရရင် ခေါ်ပေးပါလားဟင်...."
"သားရယ် မေမေဘယ်လိုပြောရပါ့မလဲဟင်....."
သားလေးက အပြစ်ကင်းစင်သည့်မျက်နှာနှင့် သူမဆီမှအဖြေကို ငံ့လင့်နေသည်။မခန်းသေးသည့် သူမမျက်ရည်များက ပြန်ကျလာလေတော့ ဆူး လက်ခုံနှင့် အသာအယာဖိသုတ်လိုက်၏။
KAMU SEDANG MEMBACA
ဒုတိယမမည်သော ဖူးစာ Complete (ဒုတိယမမည္ေသာ ဖူးစာ )