အပိုင်း ၂၅ (ဇာတ်သိမ်းပိုင်း)
နံနက်ခင်းဆို အိပ်ရာမှထပြီး မြတ်စွာဘုရားကို အာရုံဆွမ်းကပ်နိုင်ရန်အမီ ထမင်းဟင်းချက်သည်။မနက်ခင်းတစ်ဖြတ် အိမ်မှုကိစ္စပြီးပြီဆိုလျှင် သားနှင့်သမီးထမင်းချိုင့်နှင့်အတူ သူမအတွက်ပါ တစ်ခါတည်းပြင်ဆင်ရ၏။အကိုနိုးလာမှ သူမက အပေါ်တက်ပြီး ရေချိုးရသည်။
အရင်တုန်းကလည်း အိမ်မှုကိစ္စကို ဆူးတစ်ယောက်တည်း ဒိုင်ခံလုပ်ရသည်။အခုလည်း လုပ်နေရဆဲပင်။ဒါပေမဲ့ ခံစားချက်ချင်းကမတူပေ။
အကိုနှင့်လက်ထပ်ပြီးမှလုပ်ရသည့် အိမ်ထောင့်တာဝန်အတွက် သူမကိုကူညီပေးမည့် အကိုရှိသည်။သူမကိုယ်တိုင် တစ်အိမ်လုံးကို စီမံခန့်ခွဲနိုင်သည့်အနေအထားရှိသည်။အိပ်ရေးမက်သည့်အကိုက မနက်ခင်းကို အစောမထနိုင်သော်လည်း ညနေပိုင်းမှာ အိမ်မှုကိစ္စအဝဝကို ကူညီလုပ်ကိုင်ပေးသည်။သူမက ညစာပြင်လျှင် အကိုကပန်းကန်တွေဆေးပေးသည်။သူမက အဝတ်တွေမီးပူတိုက်လျှင် အကိုက အိမ်ကိုသန့်ရှင်းပေးသည်။ထို့ကြောင့် မနက်ခင်းအတွက် သူမတစ်ယောက်တည်းလုပ်ရပေမဲ့လည်း ဒီမိသားစုအတွက်သာမို့ သူမကျေနပ်ပါသည်။
"မိန်းမ ကိုယ့်ကိုဒီနေ့လာလည်းမနှိုးဘူး...."
"အမလေး...."
အနောက်ဘက်မှ ရုတ်တရက်ထွက်လာသည့်အသံကြောင့် အတွေးထဲမျောနေသည့် သူမ လန့်ဖျပ်သွား၏။
"ကိုယ်ရောက်နေတာ မသိဘူးလား...."
"မသိဘူးလေ...အကိုကနောက်ကနေ အသံမပေးဘာမပေးနဲ့...."
သူမ ထမင်းချိုင့်တွေကိုဆင့်နေရာမှ အကို့ကိုပြန်ဖြေ၏။
"ရေသွားချိုးတော့လေ....ဘာလုပ်စရာကျန်သေးလဲ...ကိုယ့်ကိုပြောထားခဲ့...."
"ဘာမှမကျန်တော့ဘူးအကို....အကုန်ပြီးပြီ...သားနဲ့သမီးကိုနှိုးခဲ့ပြီလား...."
"နှိုးခဲ့ပြီ....ဘီဘီက သနပ်ခါးတောင်လိမ်းပြီးသွားပြီ....မောင်ချမ်းက ဖင်လှိမ့်ခေါင်းလှိမ့်နဲ့ကွာ...နှိုးလို့ကို မရဘူး...."
အကို့စကားကြောင့် သူမ ခပ်ဟဟရယ်လိုက်သည်။ဒီသားတော်မောင်အကြောင်း သူမသာလျှင်အသိဆုံး။
ВЫ ЧИТАЕТЕ
ဒုတိယမမည်သော ဖူးစာ Complete (ဒုတိယမမည္ေသာ ဖူးစာ )