3

2.5K 85 7
                                    

Unicode

အပိုင်း -၃

ဆူးရိုင်းနွယ် ပျာယိပျာယာဖြင့် အိမ်အပေါ်ထပ်ပြေးတက်လာချိန်မှာ ခင်ပွန်းဖြစ်သူက ရေမိုးချိုးပြီး အပြင်ထွက်ဖို့ ဟန်ပြင်နေသည်။စိတ်ထဲ ထောင်းခနဲဆို
ဒေါသဖြစ်သွား၏။သူမမှာတော့ ညနေတိုင်းလူကျပြီဆို အနားမရလောက်အောင် အရက်ပုလင်းလိုက်ချရ အမြည်းလိုက်ချရနှင့်။သူကတော့ တစ်ချက်ကလေးမှမကူ နေစိမ့်သည်။

"ဒါကဘယ်လဲ သူရိန်....."

ဆူး၏ငေါက်ဆတ်ဆတ်မေးသံကြောင့် သူရိန်ကခေါင်းဖြီးနေရာမှ မျက်ခုံးတွန့်ချိုးပြီး လှည့်ကြည့်သည်။

"ဘာလုပ်ဖို့လဲ..."

"ဟဲ့ ဘာလုပ်ရမှာလဲ.....ဒီအချိန်ရောက်ပြီဆို နင်က ဝတ်စားပြင်ဆင်ပြီး ထွက်ပြီလေ...."

"ငါ ထွက်နေကျကို နင်က ခုမှဘာထဖြစ်နေတာလဲ...."

"နင်က....."

"ဟဲ့ မိဆူး....အပေါ်တက်သွားတာ ကြာလှချေလား.....မြန်မြန်ဆင်းခဲ့စမ်း...."

သူရိန့်ကို အားရပါးရပြန်လည်ချေပဖို့ပြင်နေသည့် ဆူး အောက်ထပ်မှယောက္ခမခေါ်သံကြောင့် ဒေါသတွေကို အသာပြန်မျိုချရပြန်သည်။

ခုနကထုတ်ထားခဲ့သည့် တစ်ရှူးထုပ်တစ်ပါကင်ကိုဆွဲယူလျက် အောက်ထပ်သို့ ပြေးဆင်းခဲ့၏။

သူရိန့်မိဘများက နေပြည်တော်မှာအရက်ဖြူဆိုင်ဖွင့်ထားသည်။ညနေဆို ဆိုင်က လက်မလည်အောင်ရောင်းရ၏။သူရိန်နှင့်လိုက်လာပြီးကတည်းက သူမမှာ အရက်ကူရောင်းပေးရသည်။

ယောက္ခထီးကြီးရှိစဉ်က သူမဒီအိမ်မှာ နေရတာ စိတ်ချမ်းသာသည်။ကိုယ့်ဖခင်ကို ပြန်ရလိုက်သလိုမျိုး ခံစားရသည်။ယောက္ခထီးဆုံးသွားပြီးနောက်မှာ သူရိန့်အမေက သူမကို ဘယ်နေရာမှ မျက်နှာသာမပေးတော့ပေ။နှိမ့်ချဆက်ဆံသည်။

ခင်ပွန်းသည်ကလည်း သူမဘက်မှနေပေးဖို့ဝေးစွ အိမ်ကပ်သည်ရယ်လို့မရှိ။အလုပ်ကိုလည်း တူတူတန်တန်မလုပ်။ဘော်ကြော့နေသည်။ဒီအကြောင်းတွေပြောတိုင်း လင်မယားရန်ဖြစ်ကြလျှင် သူ့မအေက ဝင်ပါသည်။မိဘအိမ်မပြန်ရဲသည့် ဆူးအားနည်းချက်ကို အညှာကိုင်သည်။

ဒုတိယမမည်သော ဖူးစာ Complete (ဒုတိယမမည္ေသာ ဖူးစာ )Donde viven las historias. Descúbrelo ahora