Unicode
အပိုင်း -၁၈
ဆူးတို့သားအမိနှစ်ယောက် ဆိုင်ကယ်လေးနှင့် ကျောင်းကပြန်လာကြသည်။ဒီနေ့ ကျောင်းမှာ သားလေးပျော်နေတာမြင်တော့ ဆူးလည်း စိတ်ချမ်းသာရသည်။
မနက်က ဘီဘီ့မွေးနေ့ဖြစ်၍ မူကြိုကလေးများအားလုံး မုန့်စားကြ၊ ဂိမ်းဆော့ကြနှင့် ပျော်စရာကောင်းလှသည်။သားလေး မူကြိုစလိုက်သည့်တစ်လျှောက်လုံးမှာ ကျောင်းဆင်းပွဲ၊ တီချယ်တွေ၏ မွေးနေ့ပွဲများကိုသာ ကြုံဖူးသည်။ကလေးအချင်းချင်းမွေးနေ့ပွဲဆင်နွှဲခြင်းမျိုးမှာ ဒါပထမဦးဆုံးအကြိမ်ပင်။
သားလေးလည်း ကလေးပီပီ မွေးနေ့ပွဲလေးလုပ်ချင်ရှာမည်ကို ဆူးရိပ်မိသည်။
၄ နှစ်ပြည့်မွေးနေ့ကျရင်တော့ ဘီဘီ့လိုမျိုးလေး လုပ်ပေးဦးမည်ဟု သူမ စိတ်ကူးထားသည်။ခြံတံခါးရှေ့မှာ ဆိုင်ကယ်ကိုရပ်ပြီး ဒေါက်ထောက်လိုက်၏။ဆူးတို့ခြံလေးက အခုဆိုလျှင် ပေ ၂၀×၃၀ တစ်ခြမ်းစာပဲကျန်တော့သည်။ဆူးတို့ခြံ၏ဘေးတစ်ခြမ်းကို ဝယ်လိုက်သူမှာ လူကိုယ်တိုင်လာမနေသော်လည်း အိမ်ငှားထားသည့်အတွက် ဆူးက ထိုအိမ်ငှားမိသားနှင့်တောင် ခင်နေပြီ။သူတို့မိသားစုမှာ သားနှင့်မတိမ်းမယိမ်းကလေးလေးတစ်ယောက် ပါသည့်အတွက် သားသားအဖို့ ကစားဖော်တစ်ယောက် တိုးလာသည်ဟု ဆူးကတွေးပြီး အတတ်နိုင်ဆုံး တည့်အောင်ပေါင်းထားသည်။
"ဆူး..."
သူမ သားသားကို ဆိုင်ကယ်ပေါ်မှချစဉ် ခေါ်သံကြားမိ၍ နောက်လှည့်ကြည့်လိုက်သည်။
"ဆူး ငါတို့ ခဏလောက် စကားပြောရအောင်...."
ဆူး မျက်လုံးများက နာကြည်းမှုကြောင့် အေးစက်တင်းမာသွားပြီး သားသားကို သူမနောက်သို့ ပို့လိုက်၏။ဒီအကောင် ဘယ်အချိန်ကတည်းက ဆူးနောက်
ကို လိုက်ချောင်းနေသည် မသိ။"နင် လာပြန်ပြီလား ထက်သူရိန်ကို....ငါတို့ရှင်းစရာ ဘာအကြောင်းမှမရှိဘူးလို့ ပြောထားပြီးသားလေ....."
"ငါ အေးအေးဆေးဆေး ပြောနေတာပါ ဆူး....ငါတောင်းပန်ပါတယ်.....ငါ့ကို ခဏလေးပဲ အချိန်ပေးပါ....."
ВЫ ЧИТАЕТЕ
ဒုတိယမမည်သော ဖူးစာ Complete (ဒုတိယမမည္ေသာ ဖူးစာ )