Extra V

13.4K 1.1K 189
                                    

Zawgyi

"Hello ကိုဘုန်း ဖုန်းခဏပြောလို့ရမလား"

"အင်း ရတယ် လင်းခ ပြောလေ"

"ဟို ကိုကို ခုတလော အလုပ်များနေလားဟင်"

"မင်းတို့ကိုကိုလား ပုံမှန်ပါပဲ ခရီးလည်း မသွားရဘူး ဒီတလောတော့ အေးဆေးပဲထင်တယ် ဘာလို့လဲ လင်းခ"

"ဟုတ်လား သားတို့ ခရီးသွားမလို့လေ မေမေက မလွှတ်ဘူး ဖြစ်နေတာ အဲဒါ ကိုကို့ကို ဝိုင်းပြောပေးစေချင်တာ"

"ဟင် အဲဒါကို"

"ကိုကို မအားနေရင် စိတ်ဆိုးမှာစိုးလို့လေ"

"ဪ လင်းခရယ် ညီက မင်းတို့ကို သက်သက်ကြီးဆူမလားလို့ ကိုယ့်အစ်ကိုကို ကြံဖန်ကြောက်နေ။ ဘေးမှာ ရှိတယ်အခု ပြောမလား ပေးလိုက်မယ်"

"ဟုတ် ပြောချင်တယ် ကိုဘုန်း"

"အေး အေး ခဏ ... ညီ ဒီမှာ လင်းခ ညီနဲ့ပြောချင်လို့တဲ့"

ကျွန်တော့်ကို တစ်ကိုယ်လုံးကပ်ကာ အပျင်းကောင်လို မှီထားပြီး ဂိမ်းဆော့နေတဲ့ ညီ့ကို ဖုန်းပေးလိုက်တော့ မော့ကြည့်ပြီး ယူပြောတယ်

"အေး လင်းခ ပြော"

လင်းခဆိုတာ ညီ့ရဲ့ ညီလေး အမွှာနှစ်ယောက်ထဲက အကြီးကောင်။ သူတို့နှစ်ယောက်နာမည်က ညီ့နာမည်နဲ့ ဆင်တူလေးတွေပါ။ နေအလင်းခနဲ့ နေအလင်းထင်တဲ့။ ညီ့လိုပဲ ဖြူဖြူချောချောလေးတွေ။ သူတို့အမျိုးက တစ်မျိုးလုံးကို ချောကြတာထင်ပါတယ်။ ကလေးတွေက အေးလည်း အေးဆေးပြီး ယဉ်လည်းယဉ်ကျေးတယ်။ အခုဆို ၂၀ တောင်ပြည့်ပြီထင်ပါရဲ့။ ဒီလောက်အထိ အရွယ်ရောက်လာပေမယ့် သူတို့အစ်ကို ကြောက်တာကတော့ အရင်တုန်းကအတိုင်း နည်းနည်းမှ မပြောင်းလဲ။ အခုလည်းကြည့် ကိုကို အားလားလို့ ကျွန်တော့်ကို လာမေးတယ်တဲ့လေ။ ချစ်လည်းချစ်စရာ၊ သနားလည်းသနားရပါတယ်။

ညီက ဒီနှစ်ပိုင်းတွေမှာ အိမ်နဲ့ပြန်အဆင်ပြေလာပြီး သူ့ညီနှစ်ယောက်နဲ့လည်း ရင်းနှီးလာပေမယ့်အမွှာနှစ်ယောက်ရဲ့ သူတို့အစ်ကိုကို ရှိန်နေပုံကတော့ လျှော့ကျမသွားပါ။ တစ်ခုခုဆို သူတို့အစ်ကိုထက် ကျွန်တော့်ကို ပိုကပ်ကြတယ်။ ကျွန်တော့်အပေါ် လေးလည်းလေးစားပြီး ဘာမဆို တိုင်ပင်တတ်ကြတဲ့ ကလေးတွေပါ။ ပြောသာပြောတာ ညီ့အမျိုးတွေနဲ့ ညီ့အသိုင်းအဝိုင်း တစ်ခုလုံးမှာ ကျွန်တော့်ကို မထီမဲ့မြင် ဘယ်သူမှ မလုပ်ကြဘူး။ လုပ်လို့မရအောင်လည်း ညီက ရှေ့ကနေ ကာထားတာ။

မပြိုသောကောင်းကင်၊မကြွေသောကြယ်Where stories live. Discover now