Zawgyi
နာရီကိုကြည့်မိတော့ ချိန်းထားတဲ့အချိန်ရောက်ဖို့နာရီဝက်ခန့်လိုနေသေးတာမို့ စာအုပ်တစ်အုပ်
ထုတ်ကာဖတ်နေမိသည်။သို့သော်လည်း စာအုပ်ထဲသို့စိတ်ကသိပ်မရောက်၊
ကျွန်တော့စိတ်များရှုပ်ထွေးနေခဲ့သည်။လွန်ခဲ့သည့်တစ်ပါတ်က ကျွန်တော်အလုပ်ကိစ္စနှင့်
နယ်သို့ခေတ္တဆင်းစဉ် မေမေဖုန်းဆက်လာသည်က
ပန်းလေး၏မင်္ဂလာသတင်း။အချိန်တန်လက်ထပ်ကြမည်ပဲဖြစ်သော်လည်း
သည်မျှလောက်မြန်ဆန်စရာမလိုအပ်ဟု ကျွန်တော်
ထင်သည်။ နောက်ပြီး နှစ်ဖက်မိဘကလည်းသဘောတူထားပြီးသား မင်္ဂလာပွဲ။အဘယ်ကြောင့် ထိုမျှလောက်မြန်ဆန်ရသနည်း။
မေမေ့ကိုမေးတော့လည်း" သားကြီးရယ် မင်းနှမမြန်မြန်အိမ်ထောင်ကျတော့
မြန်မြန်တည်ငြိမ်တာပေါ့" ဟူ၍သာပြောသည်။ပန်းလေးကိုကြည့်တော့လည်းမျက်နှာကသိပ်မကောင်းသည်နှင့် ချော့တလှည့်၊ ခြောက်တခါမေးကာမှ
ကျွန်တော်မမျှော်လင့်ထားသောအခြေအနေကို သိရသည်။" ပန်းလေးတောင်းပန်ပါတယ် ကိုကိုရယ်၊
ပန်းလေးအနေအထိုင်မတတ်တာမဟုတ်ပါဘူးဘယ်လိုမှမမျှော်လင့်ဘဲ ..... ရုတ်တရက်ဖြစ်သွားခဲ့တာ"
" ပန်းလကာင်္ နင်ဆရာဝန်ဖြစ်ပြီးတော့
အဲ့ဒီလောက်မိုက်မဲရလား ဟင် ....
နင့်ကိုသူများကတန်ဖိုးမထားအောင်လုပ်နေတာလား...ဘယ်လောက်ပဲစေ့စပ်ထားတယ်ပြောပြော
ဘယ်လိုပဲ နှစ်ဖက်မိဘကသဘောတူပါစေ ....
ဒီလိုဖြစ်လို့မြန်မြန်လက်ထပ်ရတယ်ဆိုတော့
ကောင်းသေးရဲ့လား ဟင် ... ပြောစမ်းပါဦး .....
နင်..... ငါတကယ်မပြောချင်တော့ဘူး"တစ်သက်နှင့်တစ်ကိုယ်တစ်ကြိမ်မျှသုံးနှုန်းခဲ့ခြင်း
မရှိသောအသုံးအနှုန်းအား ပန်းလေးက
တုန်လှုပ်ခြောက်ခြားစွာငိုယိုတုန့်ပြန်ပြန်တော့လည်း
တစ်ယောက်တည်းရှိသော ညီမလေးမို့
စိတ်ကမကောင်း။မေမေကလည်း သားကြီးကညီမငယ်ကိုဆုံးမသည်မို့
YOU ARE READING
မပြိုသောကောင်းကင်၊မကြွေသောကြယ်
Romanceမပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှလုံးသား၏အနက်ရှိုင်းဆုံးတွင်တည်ရှိစေ....... Cover Design by Moe Yeik Nyo