Zawgyi
Second Semester တစ်လျှောက်လုံး တစ်ယောက်တည်းခြောက်ကပ်ကပ်ဖြင့်အထီးကျန်ဆန်စွာဖြတ်သန်းခဲ့ရသည်။
နဂိုကတည်းကအပေါင်းအသင်းမရှိသူဖြစ်ပြီး
ဘုဂလန့်အကြောတင်း၊ မထင်ရင်မထင်သလို
လက်ပါတတ်တဲ့ကျွန်တော့ကိုဘယ်သူကမှမခေါ်
မပြောချင်ကြ ....နေပေါ့.......... အရေးစိုက်လို့
ဘယ်သူမှမခေါ်လေနားအေးလေပဲ ....
မူလတန်းကနေအခုချိန်ထိ သော်ကမပါဘဲ
ကျောင်းတက်ရတာဒီတစ်ခါကပထမဆုံးမို့
နေရခက်လှသော်လည်းရည်းစားနောက်ကောက်ကောက်ပါအောင်
လိုက်သွားသောသူငယ်ချင်းအားသေတောင်
မလွမ်းချင်ပါ .....တွေးလေဒေါသထွက်လေပဲ တကယ်ဆို First year: second semester ရော
ဒုတိယနှစ်တစ်နှစ်လုံးရော ဒီမှာပဲတက်လို့ရတာပဲလေသူပြောတော့ B.E မှဆိုပြီး အခုကျ အဝေးသင်
အတွက်ပိတ်ရက်ရှည်အတွင်းထွက်သွားရလား။
တော်တော်ကြိုက်နေတယ်ဒီလူကို ဘာ Volunteer လဲ
ချစ်သူနဲ့အတူနေရရေး project မှာ အခမဲ့
စေတနာ့ဝန်ထမ်းပဲဖြစ်မယ်ရည်းစားလေးတစ်ယောက်ရလိုက်ပါတယ်
တစ်သက်လုံးမြန်မာပြည်ကိုချစ်တယ်လို့ဟစ်ကြွေးနေသူက နိုင်ငံခြားမှာတောင်ေ ကျာင်းသွားတက်ရတဲ့ဘဝမြသော်က နင်လုပ်ထားစမ်း ...
မျက်စိထဲသိပ်အချိုးမပြေတော့ရင်နင့်အိမ်ကို
ငါကန်တော့ပွဲနဲ့လာတောင်းလိုက်မယ် နင့်ရဲ့
ချစ်လှစွာသောဘဲနဲ့ငါနဲ့ဆိုရင်အန်တီနဲ့ဦးက
ဘယ်သူ့ကိုရွေးမလဲ လောင်းကြေးစားကြေးတောင်
ထပ်လိုက်ချင်သေးရဲ့ ...ငါဆိုတဲ့နေအလင်းစက်မိန်းမမယူချင်လို့
နင်ကံကောင်းသွားတယ်မှတ် ....စိတ်ထဲမှာတနုံ့နုံ့နဲ့ဒေါသတွေက ထွက်ထွက်နေတာနဲ့ပဲကျွန်တော်ကြာရင်အသက်တိုတော့မယ် .....
သူမကမကြာခဏဖုန်းဆက်လိုက်မရေတွက်နိုင်အောင်
မက်ဆေ့ခ်ျတွေပို့လိုက်နဲ့လုပ်ပေမယ့်အဖက်လုပ်ချင်
စိတ်မရှိတာကြောင့်ဖုန်းနံပါတ်ပါပြောင်းပစ်လိုက်တော့ Email တွေပို့ပြန်တယ်
YOU ARE READING
မပြိုသောကောင်းကင်၊မကြွေသောကြယ်
Romanceမပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှလုံးသား၏အနက်ရှိုင်းဆုံးတွင်တည်ရှိစေ....... Cover Design by Moe Yeik Nyo