Zawgyi
" ဒီနေ့အတွက်တော့ဒီလောက်ပါပဲလိုအပ်တဲ့စာရွက်စာတမ်းတွေ
တင်္နလာနေ့ကျောင်းဖွင့်မှကိုယ်စီစဉ်ပေးထားမယ်
စနေ၊ တနင်္ဂနွေမှာ ကိုယ့်ညီတွေညီမတွေ
အားရပါးရပျော်ကြပါစေဗျား"သူ့မူပိုင်အတိုင်းခပ်ပြုံးပြုံးပြောတဲ့စကားအဆုံး
" အစ်ကိုရောပျော်ပါစေ"
" အစ်ကိုရောတူတူပဲနော်"
တစ်ယောက်တစ်ပေါက်ပြောဆိုရယ်မောကာ
သောကြာနေ့အတန်းချိန်ကိုနှုတ်ဆက်ကြတော့သည်။" အစ်ကိုအလကာင်္ရေ ကျွန်တော်နဲ့ John ကတော့
TGIF လိုက်ဦးမယ် အစ်ကိုရောလိုက်မလား""တော်ပါပြီကွာ မင်းတို့ပဲ ပျော်ပျော်ကြီးTGIF ကြပါ"
" အစ်ကိုကလည်း ဟိုမှာဆိုစနေလည်းကျောင်းကိုလာကြည့်နေရသေးတယ် ဒီမှာအခွင့်အရေးရတုန်းလေး ဟဲဟဲ"
" အေးပါကွာ သွားသွား အရမ်းလည်းကဲမနေနဲ့ တန်ဆေးလွန်ဘေးတဲ့"
" ဟုတ်ကဲ့ပါအစ်ကိုရဲ့ အစ်ကိုလည်း အလုပ်ပဲမဲမနေနဲ့ တစ်ခါတစ်လေလည်း
စိတ်လွတ်ကိုယ်လွတ်နေပါဦး"" ဟားဟား မင်းပြောမှကိုယ်ကအဘိုးကြီးကျလို့
အိမ်ရောက်ရင်မိသားစုနဲ့အချိန်ပေးတယ်၊ စာဖတ်တယ် ရုပ်ရှင်ကြည့်တယ်၊
အဲ့ဒါတွေကကိုယ့်အတွက်အပန်းဖြေနည်းပဲ
ကဲကဲ သွားကြ ဒီမှာကားလမ်းပိတ်တာကို John တစ်ယောက်လန့်နေဦးမယ်"" ဒါဆို သွားပြီအစ်ကိုရေ အစ်ကိုလည်းအကြာကြီးမလုပ်နေနဲ့ဦး"
" ခဏနေပြန်မှာပါ သွားကြသွားကြ"
အခန်းထဲကလူတွေအကုန်ကုန်သွားပြီးတော်တော်ကြာတဲ့အထိ
စာရွက်တွေကိုကြည့်လိုက်၊ စဉ်းစားလိုက်လုပ်နေတဲ့ ကိုဘုန်းကိုကြည့်ရတာ
တော်တော်စိတ်ဝင်စားနေပုံပဲ .......အခန်းထဲမှာကျွန်တော်ရှိနေသေးတာကိုတောင်
သတိထားမိပုံမရ။
အလုပ်ပဲ မသေမချင်းလုပ်ရမှာများ သူမို့အပင်ပန်းခံနေတာ။ကျွန်တော်ဆိုအတန်းချိန်ပြီးတာနဲ့ပြန်ပြေးမှာပဲကျောင်းခန်းက နေစရာကောင်းတာ
ဘာများရှိတာကျလို့ ......... ။ ။
YOU ARE READING
မပြိုသောကောင်းကင်၊မကြွေသောကြယ်
Romanceမပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှလုံးသား၏အနက်ရှိုင်းဆုံးတွင်တည်ရှိစေ....... Cover Design by Moe Yeik Nyo