Zawgyi
စာရွက်တွေကိုအာရုံစိုက်လိုက်တာဘယ်လောက်တောင်ကြာသွားသည်မသိ။
မျက်လုံးတွေအောင့်သက်လာပြီး မျက်ရည်ပူများကျလာသည့်အခါမှ
ကမန်းကတန်းရပ်တန့်ရသည်။မျက်မှန်ကိုချွတ် စားပွဲပေါ်တင်ပြီးခါးကိုဆန့်တော့မှ မည်မျှညောင်းနေခဲ့ကြောင်း
သတိထားမိသွားရတော့၏။ထိုင်နေရာမှထကာ ပြတင်းပေါက်နားရပ်မိသည်။
လေတဖြူးဖြူးက ပြတင်းပေါက်ကိုဖြတ်ဝင်လာပြီးနောက်
ခြံထောင့်မှ မေမေ့ညမွှေးပန်းပင်လေး၏မွှေးရနံ့ကို
သယ်ဆောင်ခေါ်ငင်လာလေ၏။ခေါက်တင်ထားသောလက်ရှည်ကိုဖြေချရင်းကောင်းကင်ကိုမော့ကြည့်မိတော့
လမိုက်ရက်မို့ တိမ်တို့အကြား လကငြိမ်ချက်သားကောင်းလို့နေသည်။ပတ်ဝန်းကျင်အခြေအနေအရကော်ဖီသောက်ရန်အကောင်းဆုံးပေမို့
အိမ်အောက်ဆင်းရန်အပြင်မက်ဆေ့ခ်ျဝင်သံနှင့်အတူ
ဖျတ်ခနဲတောက်သွားသောအလင်းရောင်လေးကြောင့်
ဖုန်းကိုကောက်ကိုင်လိုက်မိသည်။..... ညီ ......
ဟင် ဒီအချိန်ကြီးညီကမအိပ်သေးဘူးလား။မကြည့်ဖြစ်ခဲ့သောနာရီဆီအကြည့်ရောက်စဉ်
အမှတ်စဉ်က သုံးပင်ဖြစ်လို့နေပြီ။" ကိုကိုအိပ်ပြီလားဟင်"
" မအိပ်သေးဘူး ညီ
ညီကရော ဒီအချိန်ထိမအိပ်ဘဲဘာလုပ်နေတာလဲ"
" ကျွန်တော် ဖုန်းခေါ်မယ်နော်ကိုကို"
တားလို့ရောရမည်တဲ့လား။
ချက်ချင်းဝင်လာသောဖုန်းမြည်သံကိုက ပိုင်ရှင်အတိုင်း ၀မ်းသာအားရ။
ဘယ်အချိန်ထဲကခေါ်ချင်နေသည်မသိဒရောသောပါး မြည်လာသည်မို့ခေါင်းကို
သာရမ်းမိရသည်။" အင်း ညီ"
" ကိုကို အခုထိစာတွေစစ်နေတုန်းလားအရမ်းနောက်ကျနေပြီကို"
" တထိုင်တည်းအပြီးလုပ်ချင်လို့ညီရ ကဲ ကိုယ်မေးတာဖြေပါဦး မောင်နေအလင်းစက်ကရော ဘာလို့မအိပ်သေးတာတုန်း"
YOU ARE READING
မပြိုသောကောင်းကင်၊မကြွေသောကြယ်
Romanceမပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှလုံးသား၏အနက်ရှိုင်းဆုံးတွင်တည်ရှိစေ....... Cover Design by Moe Yeik Nyo