Zawgyi
အိမ်တံခါးကိုပြန်ပိတ်ပြီးသည်နှင့်
ရေချိုးခန်းထဲပြေးဝင်ကာဘေစင်မှာလက်ထောက်ပြီး စားထားသမျှအန်ထုတ်လိုက်သည်။ကျွန်တော်မသတီနိုင်၊ မနှစ်မြို့နိုင်။ သူငယ်ချင်း၏ချစ်သူကိုပစ်မှားပြီး သူနှင့်အတူတ၀ိုင်းထဲထိုင်ကာမျက်နှာ
ပြောင်တိုက်စားသောက်ခဲ့ရသော မိမိကိုယ်ကို
အင်မတန်မှစက်ဆုပ်လှပါသည်။ထို့ကြောင့်လည်း စားထားသမျှတိုင်းကိုလည်ချောင်းတွေနာလာသည်အထိ တစ်စက်မကျန်အန်ထုတ်ပစ်လိုက်
သည်။ မှန်ထဲတွင်မြင်နေရသော ကိုယ့်ကိုယ်ကိုမုန်းတီးလာသည်နှင့်အမျှ ကုတ်ဖဲ့ပစ်လိုက်ချင်စိတ်ကို
တားမနိုင်စီးမရတော့။နံရံကိုကျောမှီကာ ထိုင်ချလိုက်သည်။ ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးများပွက်ပွက်ဆူလာသည်ဟုထင်လာပြီ
းနောက်သွေးများကိုဖောက်ထုတ်ပစ်ချင်စိတ်ပင်
ပေါက်လာရသည်။ကိုယ့်ကိုယ်ကိုယ်ရွံရှာစိတ်သညှ်ဆဲလ်တစ်ခုချင်းစီတွင် ဆူးစိုက်ဝင်သကဲ့သို့တယွယွဖြစ်လာသည်မို့
တစ်ကိုယ်လုံးကိုကုတ်ခြစ်နေမိသော်လည်း
ပျောက်မသွား။တစတစပိုနာကျင်လာရသလို အသက်ရှုလို့လည်း
မ၀တော့သလိုပင်။ သွေးစအနည်းငယ်ထွက်လာ
သည်အထိ ကုတ်ဖဲ့ပစ်တော့မှ အနည်းငယ်နေလို့
ကောင်းသွားသလိုခံစားရသည်။ပူလောင်ခြင်းကလဲ ရင်ဘတ်မှစ၍တကိုယ်လုံး
ပိုက်စိတ်တိုက်။ မှီရာရေပန်းခလုတ်ကိုနှိပ်ချလိုက်တော့
အေးစက်စက်ရေများက ကျွန်တော့အပေါ်ဝရုန်းသုန်းကားပြေးလွှားဆင်းကြသည်။ဒူးကိုလက်နှစ်ဖက်ဖြင့် ပွေ့ပိုက်လိုက်ပြီးဒူးပေါ်
တွင်မျက်နှာကိုနစ်ဝင်လုမတတ်အပ်ကာ ခန္ဓာကိုယ်ကို
တတ်စွမ်းသမျှ ကျုံ့ထားမိသည်။ကျုံ့ထားရမည်။ ကမ္ဘာမြေပြင်ပေါ်တွင် ကျွန်တော့
အတွက်တစ်နေရာလေးတောင်မှရပ်တည်ရာမရှိဟု
သိလိုက်ရသည့်နောက် ကျွန်တော်နေရာထိုင်ခင်း
အကျယ်ကြီးကို ကြောက်သည်။တစိမ့်စိမ့်စီးဆင်းသောရေစက်ရေမွှားများအောက်
ထောင့်တစ်ထောင့်တွင် ကျွန်တော်ကပ်ခိုနေမိပါသည်။
YOU ARE READING
မပြိုသောကောင်းကင်၊မကြွေသောကြယ်
Romanceမပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှလုံးသား၏အနက်ရှိုင်းဆုံးတွင်တည်ရှိစေ....... Cover Design by Moe Yeik Nyo