Zawgyi
ပြတင်းပေါက်ကနေ အကြည့်မလွှဲနိုင်တာ ဒီနေ့နဲ့ဆိုသုံးရက်။ မနက် ၅ နာရီဆိုတာနဲ့ auto ပွင့်ပွင့်လာတဲ့ မျက်လုံးတွေရယ်၊ auto လျှောက်မိတဲ့ ခြေထောက်တွေရယ်က ပြတင်းတံခါးဆီလို့။ ခပ်ပါးပါး Hoodie တစ်ထပ်တည်း ဝတ်ထားပေမယ့် အရမ်းကြီး ချမ်းနေတာမျိုးဖြစ်မနေ၊ မန်ချက်စတာရဲ့ အအေးဓါတ်က ကလောမြို့ရဲ့ အအေးဒဏ်ကို ကြံ့ကြံ့ခံနိုင်သွားစေသည်ပဲ။
"လာပြီ"
တစ်ယောက်တည်း ရေရွတ်ပြီးတာနဲ အခန်းထဲကနေ ပြေးဆင်းတော့သည်။ အစောကြီးကတည်းက အသင့်ပြင်ပြီးသားမို့ အနက်ရောင် Mask ကိုတပ်၊ မျက်မှန်တစ်လက်ကောက်တပ်၊ မာဖလာကိုလည်ပင်းမှာ ခပ်ထူထူ ချိတ်ပတ်လိုက်ပြီး ကုတ်အရှည်တစ်ထည် ထပ်ဝတ်လိုက်တော့ ရုပ်ဖျက်ပြင်ဆင်မှုပြီး၏၊ တကယ်တော့ ကျွန်တော်ကသာ ရုပ်ဖျက်တယ်ပြောတာ။ သော်ကကတော့ မြင်တာနဲ့တန်းသိတာပင်။ ဘယ်လိုမှ လိမ်မရ။ သော်ကကတောင် သိပါတယ်ဆိုရင် သူကရော။
"Good Morning"
"Morning"
ဟိုတယ်မန်နေဂျာ အစ်ကိုကြီးကို ပြန်နှုတ်ဆက်ရင်း ဆိုင်ကယ်လ်စက်နှိုးပြီး ရှေ့မှ အရိပ်ပ်ဖြူ၏နောက်သို့ ခပ်ဖြည်းဖြည်းလိုက်သည်။ ထိုအရိပ်ဖြူကား ဘေးဘယ်ညာမကြည့်တတ်၊ တည့်တည့်သို့သာရှေးရှုလျက်။ တစ်လှမ်းချင်းလှမ်းသည်။ တစ်ခါခါ ကောင်းကင်ပေါ်သို့မော့ကြည့်သည်။ အဲဒီငေးမောခြင်းတွေမှာဘာတွေရှိနေမှာပါလိမ့်။ မျက်မှန်အောက်မှ မျက်ဝန်းများကိုမြင်ချင်လှပါပြီ။
သုံးရက်တိုင်တိုင် အနောက်ကလိုက်နေပေမယ့် သူကတော့ သိခြင်း၊ မြင်ခြင်း၊ ခံစားသိရှိမိခြင်း၊ တစ်စုံတရာမရှိ။ လှည့်လို့ပင် တစ်ချက်ကလေးမှ မကြည့်သည့်အခါ ဘဝင်ကသိပ်မကျ။ လူဆိုးသာဆို ဘယ်လိုလုပ်ပါတော့မလဲ။ အေးချမ်းပြီ လူနေတိတ်ဆိတ်သည့် နယ်မြို့လေးကို စိတ်ချခြင်းပေါင်းမြောက်များစွာဖြင့် အေးအေးသက်သာ ဖြတ်ကျော်နေသည်လား။ ကျောပြင်ကျယ်ကို ငေးရင်းပင် ဆွေးရပါသည်။ နောက်ဆုံးအထိအတွေ့၊ နောက်ဆုံးစကားတစ်ခွန်း၊ နောက်ဆုံး နှုတ်ဆက်ခဲ့ခြင်းက ၃ နှစ်တာကိုကျော်လာသည့်တိုင်၊ နေသားကျနေပြီဟု ထင်မိခဲ့သည်တိုင် ဒီစူးက ရင်ထဲမှမထွက်ရသေး၊ မနှုတ်နွှင်ရသေး။ ချစ်ခြင်းမေတ္တာအပ်နှင့်ထွင်းမှ ပျောက်ရမည့် ဒဏ်ရာပါပေ။
YOU ARE READING
မပြိုသောကောင်းကင်၊မကြွေသောကြယ်
Romanceမပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှလုံးသား၏အနက်ရှိုင်းဆုံးတွင်တည်ရှိစေ....... Cover Design by Moe Yeik Nyo