Zawgyi
မနက်စောစောကို မိသားစုနဲ့အတူဘုရားသွား၊မနက်စာကိုအပြင်မှာစားရင်း အပြင်ရောက်လက်စနဲ့မရောက်တာကြာသောနေရာများကိုပါသွားလည် ကြတော့ပြုံးနေသောမေမေ့မျက်နှာသည်ရေထိပန်းနှယ်လန်းဆန်းလျက်။
ထမင်းစားနေရင်း သော့်အကြောင်းသတိတရထုတ်မေးချိန်မနည်းဟန်ဆောင်ထိန်းသိမ်းရသည်။
မလိမ်ချင်မိသော်လည်း ရေပက်မ၀င်ချီးကျူးစကားများနှင့် ဂုဏ်ယူတက်ကြွ နေ သော မေမေ့မျက်နှာထားအား ဤနေ့ဤရက်မှာ မညိုးငယ်စေချင်တဲ့ စိတ်နဲ့ အလိုက်အထိုက်ပြောဆိုနေရသည်မို့သော့်ကိုရောညီ့ကိုပါအားနာစိတ်
က လည်ပင်းမှ ထမင်းလုပ်ကိုအစာအိမ်တွင်းရှောရှောရှုရှု မြိုမကျစေ....မေမေအမြဲဂုဏ်ယူခဲ့တဲ့ မေမေ့သား ၀ဋ်ကြီးနေပြီမေမေရေ။
နေ့ခင်းအိမ်ပြန်ရောက်ပြီးခဏနေတာနဲ့ညီရှိရာကိုသွားဖို့ခြေလှမ်းက တပြင်ပြင်မို့ညီမလေးကတောင် ကိုယ့်တက်ကြွမှုကိုတအံ့တသြ။
ဘယ်ဆီလှမ်းတဲ့ခြေလှမ်းမှန်းသိရင်ရောချစ်စနိုးနဲ့စနိုင်ပါ့ဦးမလား သိချင်စမ်းရဲ့။
လက်ရှိခဏတော့ ဘာဆိုဘာမှမတွေးချင်။
အသိခေါက်ခက်မို့ အ၀င်နက်သည်ဆိုဆိုည ၁၂ နာရီပြီးတစ်မိနစ် မစွန်းခင်မှာပင်ရောက်လာသော
" Happy Birthday ကိုကို အရှေ့မှာဘယ်နှနှစ်ပြီးခဲ့ပြီလဲမသိပေမယ့်နောက်ထပ်လာမယ့် မွေးရက်တိုင်းကျွန်တော်နဲ့အတူရှိပေးပါကိုကို ပျော်အောင် ကြိုးစားခွင့်ကျွန်တော့တစ်ယောက်တည်းကိုပေး"
အကြိမ်ပေါင်းများစွာထုတ်ဖတ်ရင်း အလွတ်ရလုမတတ် မက်ဆေ့ခ်ျလေးကြောင့် ပိုပိုပြီးနစ်လာတဲ့ခြေလှမ်းတိုင်းကိုမဆုတ်ချင်တော့။
ပြောထားချိန်ထက်စောနေတာမို့အိမ်မှာရှိပါ့မလားစိတ်ပူမိပေမယ့်ညီ့အိမ်အားကိုယ့်အိမ်ကိုယ်ယာလိုသက်တောင့်သက်သာအသားကျ နေသည်မှာလည်းမဖြည့်ဘဲပြည့်နေသည့်ပါရမီ။
လမ်းတစ်လျှောက် အရောင်စုံလှသည်။
ပြုံးပျော်နေသည့်စုံတွဲများ၊အရုပ်အကြီးအကြီးတွေ ....
YOU ARE READING
မပြိုသောကောင်းကင်၊မကြွေသောကြယ်
Romanceမပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှလုံးသား၏အနက်ရှိုင်းဆုံးတွင်တည်ရှိစေ....... Cover Design by Moe Yeik Nyo