Chapter 63
" ယဲ့ပင်းရန်အပေါ် နှလုံးသားတစ်ခုလုံး နှစ်မြှုပ်ထားလျက်..."
ရှန်းလျိုရှန့် : " ဘာကြီးးးး "
ကျိုးရွှမ်လန်က လက်ထဲမှ စာကိုချကာ စားပွဲပေါ်တွင် စီထားသော စာများကို ကြည့်လိုက်သည်။ ထို့နောက် နောက်တစ်စောင်ကို ဖွင့်ဖတ်ကြည့်လိုက်သည်။
'လမင်းကြီး' 'နှလုံးသွေး' ' ချိုမြိန်စွာ နှုတ်ခွန်းဆက်သမှု' ...
စိတ်အနှောက်အယှက်ဖြစ်ဖွယ်ကောင်းစွာပင် ယဲ့ပင်းရန်ဆီသို့ ရေးသောစာများ၌ ယဲ့ပင်းရန်က သူ့အတွက် အလွန်အဖိုးတန်သော တည်ရှိမှုတစ်ခု ဖြစ်ကြောင်းရေးသားထား၏။ ယဲ့ပင်းရန် မရှိပါက အသက်မရှင်နိုင်ကြောင်းနှင့် ကမ္ဘာပေါ်တွင် ယဲ့ပင်းရန်ထက်ပို၍ အဖိုးတန်သည့်အရာ မရှိကြောင်း ရေးသားထားသည်။
ကျိုးရွှမ်လန် စာများကို ပထမဆုံး ရှာတွေ့စဉ်က အချိန်အတော်ကြာ ကြက်သေသေသွားရသည်။ သူ စာများကို ဖြဲပစ်ကာ ပြာအဖြစ်သို့ ပြောင်းခဲ့သည်။ အနည်းငယ်ကြာပြီးမှသာလျှင် ဆယ်နှစ်ကျော်မျှ စုစည်းထားသော စာမြောက်များစွာ ရှိကြောင်း သိရှိသွားသည်။ စာတစ်စောင်ကို ဖျက်ဆီးခြင်းမှ စာများစွာ သိုလှောင်ထားသော အိတ်ကိုရှာတွေ့ရန် ဦးတည်သွားလေသည်။
ရှိနေသည့်စာမှန်သမျှ ဖတ်ပြီးသည့်နောက်တွင် ကျိုးရွှမ်လန်၏ ခံစားချက်များလည်း ငြိမ်သက်သွားသည်။
တစ်ချက်ကြည့်တာနဲ့တင်ကို ကူးရေးထားမှန်းသိသာတယ်...
ရှစ်စွမ်းရေးခဲ့တဲ့ စာတွေ...
ဤစာများတွင် မည်သည့် လေးနက်သည့် ခံစားချက်မျှ ကျိုးရွှမ်လန် မခံစားရချေ။ ထိုစာများအပေါ်တွင် အာရုံစိုက်မှု များများစားစား ပေးရန်မလိုအပ်သကဲ့သို့ပင် အပေါ်ယံဆန်နေသည်။
ကျိုးရွှမ်လန်က ညင်ညင်သာသာ ရယ်မောလိုက်သော်လည်း စာကို ဆုပ်ကိုင်ထားသော လက်ချောင်းများက တင်းကြပ်လာသည်။ စာများက နောက်တစ်ခဏတွင် ပြာအဖြစ်သို့ ပြောင်းသွားသည်။
ဒီမှာ အချစ်ကိုဖော်ပြတဲ့ စကားလုံးတွေ အများကြီးပဲ...ဒါတွေ အကုန်လုံး ရှစ်စွမ်းက ကိုယ်တိုင်ရေးထားတာပေါ့...