အပိုင်း(၃)

1.9K 98 1
                                    

မွေးနေ့အတိအကျ မသိပေမယ့် မောင်က အသက်ခြောက်နှစ်ကျော်ရှိနေပြီလို့ ဆရာမကြီး ပြောကြားချက်မှာ မောင်ကကျောင်းတက်ဖို့ နောက်ကျတဲ့ ကလေးတစ်ယောက်ဖြစ်နေခဲ့သည်။
ဒါကြောင့်ပဲကျွန်မရဲ့ နွေကျောင်းပိတ်ရက်မှာ မောင်ကို တတ်သလောက် မှတ်သလောက် စာရေး စာဖတ် သင်ပေးဖြစ်သည်။သူသူကလည်း မောင်ကလေးအတွက်ဆိုပြီး သူငယ်ငယ်က ဖတ်ခဲ့ရတဲ့ စာအုပ်လေးတွေယူလာပေးတတ်သည်။ ဒါကို *စာလုပ်ရမှာ ပျင်းပါတယ် မမရာ* ဟူသော စကားကို အခွင့်သင့်သလိုပြောတတ်သေးသည်။
"မမ....မသူက အခုတလော ကျွန်တော်နဲ့လာမဆော့တော့ဘူးနော်"

"သူ ခရီးသွားတယ်လေ‌ မောင် မင်းကိုလည်း ပြောသွားတယ်မဟုတ်လား"

"အာ...မောင်မေ့သွားတာ ခရီးကလည်း ကြာလိုက်တာဗျာ"
ကြည့် စာရေးခိုင်းတော့ လက်ညောင်းလိုက်တာ ဘာညာ ညည်းနေပြီးတော့ က‌စားဖော် မလာတာကျ မျှော်နေ‌သည်။အဲဒါထက် အခုလို သူများပြောတဲ့ စကားကို အလေးမထားတာတော့ မောင့်မှာရှိတဲ့ ကျွန်မ မကြိုက်ဆုံးအချက်‌ပင်ဖြစ်သည်။
"မောင်...လက်ရေးဝိုင်းအောင်ရေးစမ်းကွာ မဟုတ်ရင် မသူကို အိမ်ကိုလုံးဝမလာခိုင်းတော့ဘူး"
လေးကြာင်းမျဉ်းစာအုပ်လေးနဲ့ လက်ရေးလှအောင်သင်ပေးတာကို မောင်က စိတ်မပါလက်မပါရေးတာမို့ လက်ရေးက လိုချင်သလောက် ဝိုင်းမလာတာကြောင့် သူကြောက်တဲ့အရာနဲ့ ခြိမ်းခြောက်လိုက်မှလက်တဖက်က စာအုပ်ကို ဖိကာ သူ့ညာဘက်လက်သေးသေးလေးတွေဖြင့် လက်ရေးလှအောင်ရေးတော့သည်။
ဒီအပျင်းထူလေးကို မမက အတော်ဆုံးပဲဖြစ်စေချင်တာမို့ မင်းအတွက် မမစွမ်းနိုင်တဲ့ အတိုင်းအတာထိ ဆွဲခေါ်သွားမယ် ကလေးငယ်....
သူစာရေးနေတုန်း အိမ်‌‌ေအာက်ထပ်ဆင်းလာပြီး ကြီးမေအသီးခွဲတာ ထိုင်စောင့်နေလိုက်သည်။ ပုံမှန်ဆို အခုလို နွေကျောင်းပိတ်ရက်မှာ မေမေဆိုင် ကျွန်မလိုက်သွားဖြစ်ပေမယ့် မောင်‌ရောက်လာတော့ မောင့်ကို စာသင်ပေးချင်တာနဲ့ အိမ်မှာသာ ကပ်နေမိခဲ့သည်။
ခွဲထားတဲ့ ပန်းသီးလေးတွေယူကာ စာရေးနေသော အပျင်းထူလေးအား ခွံကျွေးရသည်။
"ကျောင်းဖွင့်ရင် မောင်ကျောင်းတက်ရမှာလား မမ"

မုန်တိုင်းWhere stories live. Discover now