"အိမ့်ရေ...ဒီနေ့ ဒေါ်ခိုင်စံပယ် ရုံးတက်မယ်တဲ့ သမီးကပဲ သူလိုအပ်တာ ကြည့်ကြပ်ပေးလိုက်ဦးနော့်"
"ဘယ်လို...ဒယ်ဒီ ဘာပြောလိုက်တယ်"
"ဪ...ငယ်ငယ်ရွယ်ရွယ်နဲ့ နားမကောင်းရှာတော့ဘူးငါ့သမီးက ဟိုနေ့က ရှယ်ယာရှင် ရုံးထိုင်မယ်တဲ့ သူ့အတွက် ရုံးခန်းနဲ့ လိုအပ်တာ စီစဉ်ပေးလိုက်လို့ ကြားပြီလား"
"အာ...နားအူလိုက်တာ ကြားတယ် မယုံလို့ ပြန်မေးတာကို"
"ကဲ သားအဖတွေ ရုံးနောက်ကျတော့မယ် ရန်ဖြစ်မနေနဲ့တော့"
"အင်းပါ...စိမ့်ရယ်"
မာမီက တော်ဆိုတော် တိတ်ဆိုတိတ် ပြောလို့ရတာတော့ ဒယ်ဒီပဲ။ကျွန်မကတော့ ကျွန်မလုပ်ချင်ရာ လုပ်တတ်သူဖြစ်သည်။ပုံမှန်ဝတ်နေကြ ပေါ့ပေါ့ပါးပါး ဝတ်စုံလေးဖြင့် ရုံးသွားဖို့ပြင်ထားပေမယ့် ဟို အန်တီ ရုံးတက်မယ်ဆိုတော့ စားလက်စ မနက်စာ ထားခဲ့ပြီး ကျွန်မ အဝတ်ပြန်လဲလိုက်သည်။
~~~~~
မနက်အစောထပြီး ရုံးသွားဖို့ ပြင်ဆင်နေကြသည်။ဘယ်ရုံးမှန်းမသိပေမယ့် တီလေးကတော့ အချောဆုံးဖြစ်အောင်ဆိုပြီး ပြင်နေတာ မပြီးတော့ပါ။
"တီလေးရေ...မောင် ဒီရှေ့တင် အိပ်ပျော်တော့မှာ""အေးဆေးပေါ့ အခုချိန်ပဲစိတ်ချလက်ချ ပြင်လို့ရတာ အိမ်ပြင်ထွက်တာနဲ့ လှလှ မလှလှ ကွန်ဖီးဒန့် ရှိရှိနေမှရတော့မှာ"
"စိတ်ကြိုက်သာပြင်တော့"
ပြောလို့ရမှာမှမဟုတ်တာ။ အပျိုကြီးတွေ အရမ်းကဲ။ ရည်းစားများ ရှိနေပြီလားမသိ။
တစ်နာရီလောက်ကြာတော့မှ အခန်းထဲကထွက်လာသည်။ လှသည်။ မြန်မာ ဝမ်းဆက်နဲ့ ခန္ဓာကိုယ်ကောက်ကြောင်းပေါ်နေပုံက ပုရိသတွေ လှည့်ပြန်ငေးရအောင်ထိ လှပါသည်။
"ငါ လှလား""လှဘူး"
"အကောင်းမမြင်တဲ့ကောင်"
ဆက်ပြောရင် ငြင်းကြတော့မှာမို့ ဆိတ်ဆိတ်နေ၍သာ တီလေး ခေါ်ဆောင်ရာနောက် လိုက်လာခဲ့သည်။~ဒေါက်ဒေါက်
"ဝင်ခဲ့ပါရှင်""ဟော...မသူ"
"ဟင်...မောင်ကလေးက ဒီကို"
"ဪ...မင်းတို့ချင်းသိကြတာလား ကောင်းတာပေါ့ တို့တူမလေးကို အလုပ်သင်ပေးဖို့လေ မင်းကူညီပေးမယ်မဟုတ်လား"

YOU ARE READING
မုန်တိုင်း
Romanceမောင်က ကျွန်မကောက်ရခဲ့တဲ့ ကော်ရုပ်လေးတစ်ရုပ်ဖြစ်ခဲ့သလို ကျွန်မအပိုင်းသိမ်းချင်မိတဲ့ ရပ်ဝန်းငယ်လေးဆိုလည်း ဟုတ်တယ်..... မမကို ကျွန်တော်က၅၂၈မေတ္တာနဲ့ မဟုတ်ဘဲ ၁၅၀၀ချစ်ခြင်းမေတ္တာနဲ့ ချည်ချင်တာဗျ....