အပိုင်း(၁၈)

1.6K 68 6
                                    

ဇနီးမယားလည်း ဟန်နီးမွန်းက ပြန်လာကြပြီ။ ကျွန်တော်လည်း ဒီနေ့ ပတ်တီးဖြေရတော့မည်။
ကိုယ့်ခြေထောက်ကို ပြန်အပိုင်ရတော့မယ်လေ စိတ်တွေ တက်ကြွလှုပ်ရှားနေမိသည်။
"ဆေးရုံကို မေမေလိုက်ပို့ပေးချင်တာကို"

"မဟုတ်တာမေမေရယ်... ဟိုမှာလေ အခုမှ လာဖားနေတဲ့ နှစ်ယောက်ကို ခိုင်းစားရမယ် ဘယ့်နှယ် လူကိုတာဝန်မယူနိုင်ဘဲနဲ့ လေကျယ်သွားတာ"

"မောင်ကလေးကလည်း သူတို့အကျိုးဆောင် ကိုယ့်အကျိုးအောင်တဲ့ မင်း မုဒိတာ ပွားရမယ်လေ"

"မောင်ပြောတာ မှန်နေတာပဲလေ ဘာမုဒိတာ ပွားခိုင်းနေတာလဲ မိသူ"

"စတာကို"
မမရောက်လာမှ နှစ်ယောက်သား ငြိမ်ကုပ်သွားတော့သည်။ တီလေးကတော့ ဘာတစ်ခွန်းမှ ဝင်မပြောသေးပါ။ စိတ်တွေများ ဟန်နီးမွန်း ခရီးစဉ်မှာ ပြုတ်ကျကျန်ခဲ့သလားမသိ။
"သွားရအောင် ဒီမှာ ပတ်တီးဖြေချင်လှပြီ"
မနက် ၁၀နာရီလောက် မမရယ် တီလေးရယ် မသူရယ် ကျွန်တော့်ကို ဆေးရုံလိုက်ပို့သည်။ အားလုံးက တိတ်တဆိတ် သူတို့စိတ်ထဲ ဝမ်းသာနေမလား တခြားကိစ္စတွေးနေမလား သေချာတော့မသိ။
"တီလေး... ခရီးပန်းလို့လား"

"မဟုတ်ပါဘူး မင်းပြောသလို တို့က မင်းကိုတောင် တာဝန်မယူနိုင်သလိုဖြစ်ခဲ့လို့"

"မောင်က စတာပါ မောင်ကိုယ်‌တိုင် ဒီခရီးသွားဖို့ အစဖော်တာပဲလေ အဲလိုတွေးမနေပါနဲ့"

"အေးလေ ဟန်နီရယ်..."

"မင်းနော်... မင်းကြောင့်အချိန်တွေ ပိုကြာကုန်တာလေ တစ်ရက်လောက်ထပ်နေရအောင် တစ်ရက်လောက်နော်နဲ့"

"ကဲပါ အန်တီရယ် မောင်ကလည်း ကျွန်မတို့ကလေးပါပဲ ပြီးခဲ့တာတွေ ထားလိုက်ပါတော့"
ဆေးရုံရောက်တော့ သူတို့အားလုံးပြန်လည်တိတ်ဆိတ်သွားကြသည်။ သူတို့မျက်နှာမှာ စိုးရိမ်စိတ်တွေ ပြည့်နေလေသည်။

ဒေါက်တာကလိုအပ်တာအားလုံးစစ်ဆေးပေးပြီးတော့ ကျွန်တော့်ခြေထောက်က တော်တော်လေး လွတ်လပ်ပေါ့ပါးသွားပါသည်။

ဆေးပေးခန်းထဲက ထွက်လာတဲ့ ကျွန်တော့်ကို မသူက လာတွဲပေးသည်။ တီလေးနဲ့ မမကတော့ ဆရာဝန်နဲ့ ဘာတွေပြောပြီး ကျန်နေခဲ့လည်းမသိပါ။

မုန်တိုင်းWhere stories live. Discover now