အပိုင်း(၁၅)

1.8K 78 4
                                    

တနင်္ဂနွေရက်ပိတ်ရက်မို့ တစ်နေ့လုံး မမအိမ်မှာပဲ သူပြန်လာမယ့်အချိန်ထိစောင့်နေလိုက်သည်။
မနေ့က သူ့ကားနဲ့လိုက်လာတာမို့ ပြန်ပို့မည့်သူမရှိတာလည်း ပါတာပေါ့။

နေ့ခင်းတစ်ချက်ထိုးလောက်ကျ မမပြန်ရောက်လာပါသည်။
"မမ..."
"အပြင်ကပြန်လာတာလားဟင်"

"အင်း..."

"မမ"
"မောင်...အမှားတစ်ခုခုများ လုပ်ထားမိလား"

"မလုပ်ပါဘူး...မင်းပြန်ချင်ပြီလား လာ မမလိုက်ပို့မယ်"
အရင်က ကိုယ့်ဘက်က စပြီး ပြန်မယ်ပြောရင်တောင် နေပါဦးလား မောင်ရယ် ဆိုပြီး ဆွဲထားတတ်တဲ့ မမက အခုကျ ကိုယ်တိုင် နှင်နေပြီတဲ့လား။

"ဟုတ်...မောင့်ကို ပို့ပေးပါဦး"
ရှုပ်ထွေးနေတဲ့ အခြေအနေကို ခေါင်းအေးအေးထားပြီး စဉ်းစားချင်မိသည်။ဒါကြောင့်မို့ အိမ်ပြန်ဖို့ ရွေးချယ်ခဲ့ရတာပါပဲ။
"မေမေ...ဖေဖေ...မောင်ပြန်တော့မယ်နော်..."

"ဟာ...ဒီည ဒီမှာ အိပ်သွားပါလား မနက်မှ ရုံးချိန်အမှီပြန်လည်း ရတာပဲ"

"အေးလေ ကလေးငယ်ရယ်"

"မောင်...အလုပ်လေး အကြွေးကျန်နေလို့ပါ"

"ကောင်းပြီဗျာ အလုပ်ကြိုးစားတာ ဖေဖေသိပ်ဂုဏ်ယူတာပဲ"

အိမ်ပြန်တဲ့လမ်းတစ်လျှောက်လည်း မမက စကားတစ်ခွန်းမျှ မဆိုပါ။ ကျွန်တော် ပိုပြီး နေရထိုင်ရခက်လာသည်။
"မမ"
"ဒီနေ့ ဘယ်သွားလည်တာလဲဟင်"

"ကျောင်းတုန်းက သူငယ်ချင်း ကိုစည်သူနဲ့ သွားတွေ့တာ"
ကျွန်မ ယောင်္ကျားလေးသူငယ်ချင်းနာမည်တစ်ခုကို တမင်ရွေးပြောလိုက်သည်။ တကယ်တော့ ကျွန်မ ကျုံးဘေးမှာ တစ်နေကုန် သွားထိုင်ပြီး ငြိမ်သက်နေတဲ့ ရေပြင်ကို ထိုင်ကြည့်နေခဲ့တာပါ။နေပူလား မပူလားဆိုတာထက် ရင်တွင်းခံစားချက်တွေက ပိုပူနေခဲ့တယ်လေ။

ကျွန်မရဲ့ ဘယ်လိုအပြုအမူမျိုးကများ မောင့်စိတ်ကို တလွဲဖော်ပြခဲ့မိတာပါလိမ့်။ ကျွန်မနဲ့မောင် မေတ္တာသီးသန့်နဲ့ပဲဆိုရင် ပိုကောင်းတဲ့ဆက်ဆံရေး ပိုမြဲတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ခဲ့မှာပဲ။ ကျွန်မ ထင်မိရုံပါလေ မှန်ချင်မှလည်း မှန်မှာပေါ့။

မုန်တိုင်းWhere stories live. Discover now