အပိုင်း(၁၇)

1.7K 68 4
                                    

ဆေးရုံပေါ်မှာ နှစ်ပတ်လောက်ကြာသွားတော့မှ ကျွန်တော်ဆေးရုံဆင်းခွင့်ရသည်။
ဖေဖေ မေမေ ကြီးမေ လေးတူးနဲ့ မသူတို့ အိမ်ကလူတွေ အကုန်လာကြည့်ကြတော့ ကျွန်တော်ကို မိသားစုတစ်ခု လက်ဆောင်ထပ်ပေးခဲ့လို့ ကံတရားကို ကျေးဇူးတင်မိသည်။
"ကဲ...အိမ်ပြန်မယ်ကွယ်...ဖေဖေ့ရဲ့ ကလေးငယ် အိမ်ပြန်ကြစို့"

"ဖေဖေ... မမနဲ့ မောင် ဝင်စရာလေးရှိလို့ ဖေဖေတို့ အရင်ပြန်သွားလို့မရလား"

"ရပါတယ်ဗျာ"

"ဘယ်လဲချမ်းလေး"

"တီလေးဇနီးနဲ့ ဟန်နီးမွန်း ထွက်ဖို့ စီစဉ်နော် မောင်ကိစ္စလေးပြီးတာနဲ့ ပြန်လာမယ်"
ကျွန်မ တူမအတွက် ကျွန်မ စိတ်ဆိုး‌ပေမယ့် သူ့ဖေဖေဘက်က အမျိုးတွေဖြစ်လို့ သူဆုံးဖြတ်ချက်ကို ကျွန်မ လေးစားပေးရမည်။
"‌မောင်ကလေးရေ ... ဒါဆို မသူတို့ ပြန်နှင့်မယ်ဝေ့"

"ဟုတ်ကဲ့"
သိမ်းစရာရှိတာ သိမ်းပြီး လူကြီးတွေ အရင်ပြန်နှင့်ကြသည်။ပစ္စည်းတွေ မသူကားပေါ်အကုန်တင်ပြီးမှ မသူက ကျွန်တော့်ကို ကျောပိုးကာ မမကားပေါ်မှာ နေရာချပေးသည်။ တကယ်တမ်း ကျွန်တော်တို့ လေးယောက်ထဲမှာ မသူကအရပ်အရှည်ဆုံး ခန္ဓာကိုယ်အတောင့်ဆုံးဆိုတော့ နေမကောင်းတဲ့ ကျွန်တော့်ကိုယ်သေးသေးလေးက မသူကျောပေါ် ပေါ့ပေါ့ပါးပါးလိုက်ပါသွားရသည်။

တီလေးနဲ့ မသူက အိမ်ပြန်နှင့်ကြပြီး မမနဲ့ ကျွန်တော်ကတော့ ညီမလေးတို့အိမ်ဦးတည်လာခဲ့ကြသည်။

ဒီရပ်ကွက်ထဲကို ကျွန်တော်မရောက်ဖြစ်တာ ဒီအိမ်က ထွက်သွားပြီးကတည်းကဆိုပါတော့။
အမှန်အတိုင်းပြောရင် ကျွန်တော့်မှာ သတ္တိမရှိနေပါ။
မမပါလာလို့သာ အရာရာကို ရင်ဆိုင်မယ် ဟု ဆုံးဖြတ်ပြီး ရဲတင်းထားလိုက်ရသည်။
"မမ...သူ့ကို ကားပေါ် ခေါ်လာခဲ့မယ် မောင်ဒီကပဲစောင့်"

"ဟုတ်"
မမက အဲ့အိမ်ထဲဝင်သွားသည်။ မမ အန္တရာယ်ကင်းကင်းနဲ့ ပြန်ထွက်မလာမချင်း ကျွန်တော်အသက်ကို ရဲရဲမရှုရဲပါ။

အနည်းငယ်ကြာမှ ညီမလေးစနိုးနဲ့အတူ မမ ပြန်ထွက်လာခဲ့သည်။
ညီမလေး စနိုးက ကျွန်တော့်ကို မြင်တော့ သိပ်ကျေနပ်ပုံမရ။
"ကိုယ့်ကိုကိုယ် သိတယ်မဟုတ်လား စနိုး"

မုန်တိုင်းWhere stories live. Discover now