အပိုင်း(၁၀)

1.7K 71 6
                                    

မောင်က ကျွန်မဘဝမှာ ခေတ္တခဏဖြတ်တိုက်သွားတဲ့ မုန်တိုင်းလေးဖြစ်ခဲ့ရင်တောင် ကျွန်မ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာ သိမ်းထားမှာပါ။မောင် ပြန်လာသည်ဖြစ်စေ ပြန်မလာသည်‌ဖြစ်စေ မောင့်ရဲ့ဖြစ်တည်မှုလေးကတော့ ကျွန်မတို့ တစ်မိသားစုလုံးအတွက် ဘယ်တော့မှ ပျောက်ကွယ်သွားမည်မဟုတ်။
"သော်...ငါသတင်းကြားတယ် မောင်ကလေးရဲ့ အမျိုးပြန်တွေ့တယ်ဆို"

"ဟုတ်တယ် သူရယ် အခုတော့ မောင့်မှာ ဆွေရှိမျိုးရှိဖြစ်သွားပါပြီ"

"ဘာတွေပြောနေတာလဲ မောင်က အစကတည်းက နင်တို့မိသားစုလေ နင်တို့ ဆွေမျိုးလေ"

"သွေးသားရင်းပေါ်လာတာလေ သူရယ် ငါတို့ ဘာတတ်နိုင်မှာလဲ"

"တောက်...မောင်ကလည်း ခွဲသွားရက်တယ်ကွာ"
မောင်အပြစ်မရှိပါဘူးလို့ ကျွန်မပြောလိုက်ချင်သော်လည်း ကျွန်မနှုတ်က တစ်စုံတစ်ရာဘာစကားလုံးမျှ ထွက်မလာခဲ့ပါ။ကျွန်မတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ ‌တိတ်ဆိတ်သွားမှုဟာ ဘယ်လောက်ကြာသွားတယ်မသိ သူသူရုံးက ဖုန်းဆက်မှ အသိပြန်ဝင်လာကြသည်။
"ထမင်းစားနားလို့ခဏ လာတာ ငါပြန်တော့မယ်နော် နင့်ကိုနင်သာ ဂရုစိုက်တော့"

"အင်းပါ"
မောင်မရှိတော့ဘူးဆိုတဲ့ အသိကို ဖျောက်ဖို့ ကျွန်မ သာမာန်ထက် အလုပ်ကို နှစ်ဆပိုလုပ်မိသည်။ အရင်က ညမိုးချုပ်မှ အလုပ်ပြီးလည်း အိမ်ကိုတော့ ရောက်အောင်ပြန်သည်။ အခုတော့ ‌မောင်မနေတော့တဲ့ အိမ်ကလေးကို ကျွန်မ တယုတယ မပြန်ဖြစ်တော့ပါ။

တီလေးကို မမအိမ် တစ်ရက်ခြားတစ်ခါလောက် လိုက်ပို့ခိုင်းမည်ဟုတွေးထားသော်လည်း တီလေးအိမ်ရောက်ပြီးကတည်းက တစ်ရက်ပြည့်အောင် အိမ်မကပ်ရသေးပါ။
"ချမ်းလေး ခဏနေ ဈေးဝယ်သွားမယ် မနက်ဖြန်ကစပြီး တို့တွေ မရောက်ဖူးတဲ့နေရာ သွားကြစို့"

"ကြာမှာလားဟင် တီလေး"

"ဘယ်နေရာမှာမှတော့ အကြာကြီးမနေဖြစ်လောက်ပါဘူး"

"ဟုတ်ကဲ့"
သူ့အကူအညီကလည်း လိုသေးတာမို့ လောလောဆယ် သူသဘောဆောင်ပေးရမည်။ သွေးကစကားပြောလို့ထင်ပါရဲ့ တီလေးနဲ့ ကျွန်တော်ကြားမှာ ညှိနှိုင်းစရာ ကြီးကြီးမားမားမရှိခဲ့ဘဲ တစ်ယောက်နဲ့တစ်ယောက် သက်သောင့်သက်သာရှိခဲ့သည်။

မုန်တိုင်းWhere stories live. Discover now