အပိုင်း(၁၉)

1.7K 77 6
                                    

တီလေးပိုင်ဆိုင်သမျှရှယ်ယာတွေ ကျွန်တော့်နာမည်နဲ့ လွှဲပြောင်းပေးသည်။ မသူဒယ်ဒီကလည်း မသူကို သူ့လုပ်ငန်းတစ်ခုလုံး ဦးစီးဖို့ CEO ရာထူးတိုးပေးလိုက်သည်။

တီလေးက သူ့ဇနီးအောင်မြင်မှုအတွက် အိမ်မှာပဲ မိသားစု ပါတီအသေးလေး လုပ်ပေးဖို့ စီစဉ်တော့ ကျွန်တော်က နောက်က လိုအပ်တာ လိုက်ကူပေးရသည်။

"CEOကြီးက ဒါတွေတီလေးကိုယ်တိုင်ပြင်ပေးထားတာ သိရင် ပျော်သွားမှာထင်တယ်"

"အဲ‌လောက်လည်းမဟုတ်ပါဘူး တခါတလေ သူက အသည်းမာတယ်"

မနေနိုင်လို့သာ လုပ်ပေးနေပေမယ့် တီလေးက မသူကိုတော့ စိတ်ကောက်နေဟန်ရှိသည်။ ဒါပေမယ့် မသူအကြိုက် ကြက်ကိုလာကြော်ကတော့ မပါမဖြစ် အမြည်‌းအဖြစ် ထည့်ပေးထားသည်။

မမပြောတဲ့ တစ်ပတ်ဆယ်ရက်က ပြည့်ဖို့ဘယ်လောက်တောင် လိုပါသေးလဲ။ တစ်ပတ်ဆယ်ရက်လို့ ပြောသွားကတည်းက မသေချာမှုတွေ ရောစွက်နေခဲ့တယ်မဟုတ်လား။

‌မမျှော်တော့ပါဘူး တော်ကြာ ကိုယ့်သတိရစိတ်က သူ့ကို သွားခိုက်နေမှဖြင့်။ မမပြောဖူးသလိုပဲ ကံကိုမယုံနဲ့ မမကိုတော့ ယုံတဲ့ သူပြန်ရောက်လာမှာ ကျွန်တော်လပြည့်ဝန်းလေး ကျွန်တော့်ကောင်းကင်မှာ ထွန်းလင်းဖို့ သေချာပေါက် ရောက်လာမှာ။

ည၇နာရီလောက်မှ မသူအိမ်ပြန်ရောက်လာခဲ့သည်။
ဟုတ်တာပေါ့ company က ဂုဏ်ပြုညစာစားပွဲလုပ်ပေးကြမှာပဲ ကျွန်တော်တို့က သူ့ကို အကြောင်းမကြားထားတော့ ကျွန်တော်တို့ဆီ သူလာတာ နောက်ကျမှာပေါ့။
"ဟန်နီ...အချစ်ဖုန်းခေါ်နေတာ မကိုင်ဘူးရော်... အချစ်ကို ရုံးကလူတွေက အတင်းဆွဲထားလို့ နောက်ကျသွားတယ်ကွာ "

"အပိုတွေပြောမနေနဲ့ မင်းက CEO တစ်ယောက် မင်းဆုံးဖြတ်ချက်ကို ဘယ်သူက ကျော်လွန်ပြီး တားရဲမလဲ"

"ဟန်နီကလည်း...အချစ်တောင်းပန်တယ်နော် ဒါတွေက အချစ်အတွက်မလား လာ လာ ဝိုင်တစ်ခွက်လောက် cheers လုပ်ရအောင်"

တီလေးက စိတ်ကို အတတ်နိုင်ဆုံးလျော့ထားဟန်ဖြင့် စားပွဲမှာ ဝင်ထိုင်လိုက်သည်။ ခွက်တိုက်ကြတော့လည်း မသူခွက်ကို ရှောင်ကာ လက်ကိုချက်ချင်းပြန်ရုတ်လိုက်သည်။

မုန်တိုင်းWhere stories live. Discover now