အပိုင်း(၁၃)

1.7K 80 9
                                    

မမအိမ်မှာနိုးထခွင့်ရတဲ့ မနက်တိုင်းဟာ စိတ်ကို ကြည်လင်အေးမြစေသည်။
ကြီးမေပြင်ပေးတဲ့ မနက်စာကို ခပ်သွက်သွက်စားလိုက်ပြီး အိမ်ပြန် ရုံးသွားဖို့ပြင်လိုက်သည်။
"‌မောင် ပြန်တော့မယ်"
"မမ...တာ့တာနော်"

"အင်း...မောင်..ကားကိုဖြေးဖြေးမောင်းနော်"

"ဟုတ်ကဲ့"
လူကြီးတွေကိုပါ နှုတ်ဆက်ပြီး အိမ်ပြန်လာခဲ့၏။

အိမ်ရှေ့ကားရပ်လိုက်တာနဲ့ မသူက တံခါးရှေ့မှာ ဒူးလေးကွေးပြီးအိပ်ပျော်နေ‌လေသည်။
"မသူ...မသူ..."

"အင်း...."

"ကိုယ်တွေလည်းပူလို့ပါလား ထ ထ အိမ်ထဲဝင်ရအောင်"
သော့ပိုတစ်ချောင်းဖြင့်အိမ်တံခါးဖွင့်ပြီး မသူကို တွဲကာ ဝင်လာလိုက်သည်။ မသူက‌သာ နေမကောင်းဖြစ်နေပေမယ့် တီလေးကတော့ သီချင်းတအေးအေးနဲ့ မနက်စာပြင်နေ၏။
"တီလေး..."
"ဘယ်လိုဖြစ်ကြတာလဲ ဒီမှာမသူက ဖျားနေပြီ"

"ဟမ်...အဲ့ကလေးမ ပြန်သွားပြီမဟုတ်လား ဘယ်လိုရောက်လာတာလဲ"

"တံခါးရှေ့မှာအိပ်နေတာ ကိုယ်တွေလည်းပူလို့"
တီလေးပါ တစ်ဖက်လာတွဲကူတာနဲ့ မသူကို ကျွန်တော့်အခန်းထဲ ထည့်၍ လှဲစေလိုက်သည်။

"မောင် ဆရာဝန်ခေါ်ပေးလိုက်မယ် တီလေး သူ့ကို အဝတ်လဲပေးလိုက်ပါလား သက်သောင့်သက်သာရှိအောင်"

"ဟမ်...အင်း..."
မနေ့က ထုတ်ထားပေးတဲ့ ဝမ်းဆက်လေး ပြန်သွားယူကာ အဝတ်လဲပေးဖို့ပြင်ရသည်။
ချမ်းတယ်ပဲ အော်နေတာနဲ့ ခပ်မြန်မြန်‌လဲပေးကာ စောင်လေးတစ်ထည်ထပ်ခြုံထားပေးလိုက်မှ ငြိမ်တိတ်သွားတော့သည်။

နာရီဝက်လောက်ကြာတော့ ဆရာဝန်ရောက်လာပြီး ဆေးထိုးပေးကာ သောက်ရမည့်ဆေးတချို့ပေးသွားလေသည်။

ချမ်းလေးကတော့ ဆရာဝန်ပြန်ပို့ရင်း ‌ရုံးနောက်ကျမှာစိုး၍ ရုံးတန်းသွားခဲ့လေပြီ။
သူနိုးလာရင် စားဖို့ ဆန်ပြုတ်ပြုတ်ပေးထားလိုက်ရသည်။သူအိမ်မှာရှိနေတော့ ကျွန်မ အပြင်သွားဖို့က မဖြစ်နိုင်ပြန်။ညကြီးမောင်းထုတ်မိတဲ့ ကိုယ်ပဲမှားပါတယ်။
"အန်တီ..."

"မင်းနိုးပြီလား....လာ မီးဖိုခန်းထဲသွားမယ် ထနိုင်တယ်မဟုတ်လား"

မုန်တိုင်းWhere stories live. Discover now