အပိုင်း(၁၄)

1.5K 67 7
                                    

ကလေးမက တစ်ပတ်လောက်ကြာတာတောင် ကျွန်မနား ကြောင်ပေါက်လေးလို ကပ်ချွဲ၍သာ နေသည်။
ဝင်ငွေမရှိလို့လည်း စိတ်ညစ်သည့်ပုံမပေါ်။
ကျွန်မ အဝတ်အစားတွေ အပြင်ဝတ်တွေသာမက အတွင်းဝတ်တွေပါ ခဏခဏ ယူ‌လျှော်တတ်လို့ ကျွန်မ ဝတ်ပြီးသားအဝတ်တွေ မလျှော်ချင်သေးရင်
ဖွက်ထားရသည်။

အခုလည်း ကျွန်မ ချမ်းလေးဖတ်‌လက်စ စာအုပ်လေး ယူဖတ်နေတာကို ကလေးမက ပေါင်ပေါ်ခေါင်းအုံးပြီး လာအိပ်နေသည်။

မေးရိုးသွယ်သွယ်လေးတွေ အရပ်က ကျွန်မထက် မဆိုစလောက်လေး ရှည်နေတာတွေ ဆံပင်က ချမ်းလေးနဲ့ နင်လား ငါလား တို‌နေတာလေးတွေ အားလုံးပေါင်းလိုက်တော့လည်း တော်တော်ကြည့်ကောင်းသည်။

ဖြူနုနေတဲ့လက်ချောင်းပေါ်က သွေးကြောမျှင်စိမ်းစိမ်းလေးတွေနဲ့ ကလေးပေါက်က ထမင်းချက် အဝတ်လျှော်လုပ်နိုင်တာ အံ့ဩမိသည်။လူချမ်းသာ အသိုင်းအဝိုင်းကလာပြီး အခြွေအရံတွေနဲ့ နေလာတဲ့ ကလေးက ကျွန်မအိမ်မှာ မာနမရှိ ဟိတ်ဟန်မရှိ နေနေသည်တဲ့လား။
"ဟန်နီ ကျွန်မကို ဒီလောက်ကြည့်နေတာ ကျွန်မ သိပ်ချစ်ဖို့ကောင်းနေတယ်မဟုတ်လားဟင်"

"ဘယ်သူပြောလဲ မင်းကိုကြည့်တယ်လို့"

"အာရုံရနေတာလေ ဟီး"
သူ့ကိုယ်သူ ယုံကြည်မှုရှိတာလည်း လွန်‌ကဲနေတတ်ရော။
~~~~~
ဒီနေ့ မမတို့ မိသားစုရော မသူတို့ မိဘတွေရော ကျွန်တော်တို့အိမ်သွားဖို့စီစဉ်နေကြသည်။ အစက တီလေးကို ဖုန်းဆက်ပြီး အကြောင်းကြားထားမယ် စိတ်ကူးပေမယ့် မပြန်ခင် အလုပ်အပြီးသတ်စရာတွေ များနေတာနဲ့ ဖုန်းဆက်ဖို့ မေ့သွားသည်။

နေ့တပိုင်း ကိုယ်စီအလုပ်ခွင့်ယူကာ ကျွန်တော်တို့ အိမ်ကလေးသို့ သွားကြသည်။ ကျွန်တော့်ကား၌ မမပါလာသည်။လူကြီးတွေက သပ်သပ်တစ်စီးစီးကြသည်။

"အမေ့..."
အိမ်ဝင်ပေါက်တင် မမက အလန့်တကြားထအော်သည်။ လူကြီးတွေအရင် ဝင်ပါစေဆိုပြီး နောက်ဆုံးမှာ ကျန်နေပေးခဲ့တာကို လူကြီးတွေ တစ်ယောက်မှ မဝင်ဘဲ ရပ်နေလို့ ကျွန်တော်ပဲ ဦးဆောင်ဝင်လာရသည်။
"တီလေး... ဘယ်လိုဖြစ်နေကြတာလဲ လူကြီးတွေရော ပါလာတယ် ခဏလက်စသတ်ပါဦး"

မုန်တိုင်းWhere stories live. Discover now