Part.1 (Unicode)

733 28 9
                                    

" သခင်မင်း ဟဲ့သခင်မင်း "

အခန်းတံခါးကို အတင်းထုရိုက်လို့နှိုးနေတဲ့မေမေလေး၏အသံဟာ သခင်မင်း၏နားထဲကို ကျီးတစ်ကောင်ထိုးနေသလို ဆူညံလွန်းလှသည်။
သခင်မင်းတဲ့ နာမည်နဲ့မလိုက်အောင် သူ့အတွက်က သခင်တစ်ယောက်လိုမဖြစ်ခဲ့ချေ။ သူကသာမာန်အိမ်ဖော်တစ်ယောက်သာသာရယ်ဖြစ်ခဲ့ရသည်။ မေမေလေးဆိုတာက ပါပါးရယ်နောက်မိန်းမဖြစ်ပြီး နောက်မိန်းမမှာသမီးတစ်ယောက်လဲပါလာခဲ့သည်။ သူမကတော့ သခင်မင်း၏အစ်မတဖြစ်လဲ ဒီအိမ်ကြီး၏အိမ်ရှေ့စံမင်းသမီးလေးတစ်ပါးဖြစ်ခဲ့သည်။ သခင်မင်းတစ်ယောက် စားပွဲပေါ်ကနာရီကိုကြည့်မိတော့ မနက်ငါးနာရီသာရှိသေးတာကိုတွေ့ရသည်။

" ထပြီမေမေလေးရေ။ သားထပြီ။ "

သခင်မင်းတစ်ယောက်အကြာကြီးမတွေးနိုင်ခဲ့ချေ။.အိပ်ယာကနေအလျင်အမြန်ထလို့ အိပ်ယာကိုသိမ်းလို့ မျက်နာသစ်ကိုယ်လက်သန့်စင်ခြင်းကိုငါးမိနစ်နဲ့အပြီးလုပ်ရတော့သည်။ ထိုအချိန်ထပ်နောက်ကျမှ အခန်းထဲကထွက်လျှင် ခေါင်းပေါ်ကိုကျရောက်လာမည့် လက်ကိုကြောက်တာကြောင့်လဲပါသည်။

" ဒီသေနာလေးကလေ ဘယ်အချိန်ထိအိပ်နေအုံးမှာလဲမသိဘူး။ အကြောကတင်းသေးတယ်။ "

ဒေါ်ဧပရယ်နိုင်တစ်ယောက် မြည်တွန်တောက်တီးလို့ အောက်ထပ်ကိုပြန်ဆင်းသွားလေရဲ့။

သခင်မင်းကိုယ်လက်သန့်စင်ကာ မီးဖိုချောင်ထဲဝင်လာတော့ ဒေါ်လေးညိုကမနက်စာအတွက်စတင်ချက်ပြုတ်လို့နေတာကိုတွေ့ရတော့ အလျင်အမြန်ပဲဒေါ်လေးညိုအနားပြေးကပ်လိုက်တယ်။

" ဒေါ်လေညို သားရောက်ပြီ။ "

" ဟယ် သားရယ်အစောကြီးရှိသေးတယ်။ ပြန်အိပ်ချေပါအုံးလား။ ကျောင်းပြီးတာကမနေ့ကမှလေ။ သားအရမ်းပင်ပန်းနေတယ်မဟုတ်လား။ "

" ရပါတယ်ဒေါ်လေညိုရယ်။ ဒါတွေကသားအတွက်အကျင့်ရနေပြီးသားတွေပါ။ "

မညိုတစ်ယောက် သခင်မင်းကိုကြည့်ကာ သက်ပြင်းမောချရပြန်သည်။ ဒီကောင်လေးဆိုတာက သူ့အတွက်တူလိုသားလိုပါပဲ။ မမကြီးရှိစဥ်ကတည်းက သူကဒီကိုမှာရှိနေခဲ့တာဖြစ်သည်။ မမကြီးကွယ်လွန်သွားတော့ သူဒီအိမ်မှာပဲဆက်နေခဲ့သည်။ ဒါကလဲသခင်မင်း၏မိခင် မမလေး၏ကတိစကားကြောင့် သခင်မင်းကိုစောင့်ရှောက်ရန်တာဝန်ရှိလာတာမို့ ဒီအိမ်ကြီးမှာဆက်နေရခြင်း၏အကြောင်းအရင်းတစ်ခုဖြစ်သည်။ သခင်မင်းသည် ဒီနှစ်ကျောင်းနောက်ဆုံးနှစ်ဖြစ်လို့ ဘွဲ့ရတော့မည့်ကောင်လေးတစ်ယောက်။ ဖခင်ကသခင်ဆိုတဲ့ကုပ္မဏီကိုဦးဆောင်နေခဲ့သည်။ သခင်ကုပ္မဏီဆိုတာက မမကြီး၏မိဘများကအမွေပေးခဲ့တာဖြစ်သည်။ သခင်ကုပ္မဏီကခုတော့ သခင်မင်း၏ဖခင်ဦးမျိုးမြတ်ကဦးဆောင်သည်။ မမကြီးကွယ်လွန်ပြီးနောက် ဒီအိမ်ကြီးပေါ်ကိုရောက်လာခဲ့တဲ့ ဧပရယ်နိုင်နဲ့သူမ၏သမီးဧပရယ်ထိပ်ထားဖြစ်သည်။

အချစ်တို့ဖြင့်ကာရံထားသောWhere stories live. Discover now