" သခင်ရေ သခင် "
သခင်မင်းကြမ်းတိုက်နေရာကနေ မမ၏အော်ခေါ်သံကြောင့် မမအခန်းရှေ့ကိုအမြန်ပြေးရပြန်သည်။
" မမဘာခိုင်းစရာရှိလို့လဲဟင်။ "
သခင်ကြမ်းတိုက်တံကိုပစ်ချလို့ မမအခန်းရှေ့အရောက်ပြေးတော့ မမကအခန်းတံခါးဝမှာ ရပ်စောင့်နေတာကိုတွေ့ရသည်။
" ဟဲ့ ဟဲ့ ဖြေးဖြေးလာပါဟယ်။ မတော်ချော်လဲနေလို့ ဒဏ်ရာတွေရနေပါအုံးမယ်။ "
" ဟီး...ဘာမှမဖြစ်ပါဘူးမမရ။ ဘာခိုင်းစရာရှိလို့လဲဟင်။ "
" ခိုင်းစရာရှိမှခေါ်ရမှာလားသခင်။ ငါနဲ့အတူအပြင်သွားမို့လိုက်ခဲ့။ "
" ဟင် မလိုက်လို့မရဘူးလားမမ။ သခင်အလုပ်တွေမပြီးသေးဘူး။ မေမေလေအပြင်ကနေပြန်လာလို့ သခင်အလုပ်မပြီးဘူးဆိုရင် သခင့်ကိုရိုက်လိမ့်မယ်။ "
" ဟဲ့ ငါကခေါ်တာလေ။ မေမေ့ကိုငါပြောလိုက်မယ်။ နင်မလုပ်လဲလုပ်မယ့်သူတွေရှိသေးတာကို နင်ကဘာတွေစိတ်ပူနေတာလဲသခင်။ "
ထိပ်ထားကိုကြည့်လာတဲ့ စိုးရိမ်နေတဲ့မျက်ဝန်းတွေ။ သခင့်မျက်လုံးတွေကို ကြောက်ရွံ့နေတာကိုမြင်ရတော့ ထိပ်ထားကျေနပ်နေမိသည်။ ထိပ်ထားဆိုတာက ဒီအိမ်ကြီးရဲ့တစ်ဦးထဲသောမင်းသမီးတစ်ပါး။ သခင်ဆိုတာက သူတို့အိမ်ရဲ့ကျွန်တစ်ကောင်။
" ဟို ဟိုလေမမ။ "
" ဟိုတွေဒီတွေလုပ်မနေနဲ့သခင်။ ငါမေမေ့ကိုဖုန်းဆက်ပြီး ပြောလိုက်ရမလား။ ငါကအပြင်သွားဖို့ခေါ်နေတာကို ငြင်းဆန်နေတယ်လို့လေ။ "
" ဟင် မခေါ် မခေါ်ပါနဲ့မမ။ သခင်လိုက်ခဲ့ပေးပါ့မယ်။ "
ကြောက်ရွံတုန်လှုပ်စွာနဲ့ပြောလာတဲ့ သခင်ပုံစံကမေမေ့ကိုတော့ အတော်လေးကြောက်ရှာပါသည်။ မေမေကလဲ ဘယ်လောက်တောင်ပညာတွေပေးထားမှန်းမှမသိတာ။
" သွားအောက်မှာကားကိုအဆင့်သင်ထုတ်ထားနော်။ မမအခုချက်ချင်းဆင်းလာခဲ့မယ်။ "
" ဟုတ်မမ "
မမအမိန့်အတိုင်းသခင် အောက်ကိုပြေးဆင်းလို့ ကားကိုအဆင်သင့်ထုတ်ထားရသည်။ တော်ကြာမမကမေမေလေးကိုဖုန်းဆက်ပြီး တိုင်လိုက်မှ မေမေလေးကပြန်လာရင်သူ့ကိုရိုက်နေအုံးမည်ကိုတွေးကြောက်နေမိသည်။
YOU ARE READING
အချစ်တို့ဖြင့်ကာရံထားသော
Fantasyအချစ်ဆိုတဲ့အရာက ကံကြမ္မာလား၊ ဖူးစာလား ဒါမှမဟုတ်တစ်စုံတစ်ယောက်အတွက် ငါကအစားထိုးခံလား။ ဂုဏ်ရောင်ထိန်ညီး မင်းသခင် Sart.23.4.2024