သခင်ဒီနေ့ ရှောလ်ပင်းမောတစ်ခုမှ အလုပ်စဝင်ရတဲ့နေ့ဖြစ်သည်။ ဦးဆီကနေအလုပ်တစ်ခုတောင်းတာကနေစရမယ်လို့ ပြောလို့ရသည်။
" ဦး သခင်အလုပ်တစ်ခုလောက်လိုချင်လို့။ အိမ်မှာဒီအတိုင်းနေရတာလဲ ကြာတော့ပျင်းလာပြီး လူပိုတစ်ယောက်လိုခံစားရလို့။ "
သခင် ဦးကို အရင်နေ့တွေကလို သံပုရာအေးအေးလေးတစ်ခွက်ဖျော်ပြီး ချပေးရာကနေ အရဲစွန့်ကာပြောမိသည်။ ဦးကလပ်တော့ဆီကနေ အကြည့်ခွာလို့ သခင့်ကိုထူးဆန်းအံ့သြတဲ့မျက်ဝန်းတွေနဲ့ကြည့်လာသည်။ နောက်ဦးကခေါင်းတညိတ်ညိတ်လုပ်ကာ စဥ်းစားနေပုံရသည်။ သခင်ဦးဆီကနေ ထွက်ကျလာမည့်အဖြေစကားကို ရင်ခုန်စွာမျှော်လင့်စောင့်စားနေမိသည်။
" သားသခင် "
" ဗျာဦး "
" အလုပ်လုပ်ချင်တာသေချာရဲ့လား။ အိမ်မှာနေရတာ စိတ်ညစ်စရာ၊ အဆင်မပြေစရာတွေရှိနေလို့များလား။ "
" မဟုတ်ပါဘူးဦးရဲ့။ အခုကယွိကွမ်လဲ ကျန်းမာရေးကောင်းလာပြီဆိုတော့ သခင်အတွက်က အားလပ်ချိန်တွေအရမ်းများနေပြီလေ။ ဒါ့ကြောင့်ပါ။ "
ယွိကွမ်ရဲ့ကျန်းမာရေးကပြန်လည်ကောင်းမွန်လာပေမယ့် သခင့်နဲ့ယွိကွမ်ရဲ့ဆက်ဆံရေးဟာ တစိမ်းတစ်ယောက်လိုပဲလေ။ ယွိကွမ်သတိမေ့မျောနေတဲ့အချိန်တုန်းကတော့ သခင်ကသူ့အတွက်အဖော်တစ်ယောက်ဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ သခင်နဲ့သူရဲ့ဆက်ဆံရေးဟာ စိမ်းသက်နေသည်။ သိပ်မကြာခင်မှာလဲ ယွိကွမ်ကling groupရဲ့ဆက်ခံသူအဖြစ်ရောက်ရှိတော့မှာဆိုတော့ သခင်လဲအလုပ်တစ်ခုတော့လုပ်သင့်တယ်လို့ တွေးမိတာကြောင့်ဖြစ်သည်။ ဒါ့ကြောင့်ဦးဆီကနေအလုပ်တစ်ခုတောင်းတာဖြစ်သည်။
" သားနဲ့သားသခင်ကအဆင်မပြေလို့များလား။ "
" မဟုတ် မဟုတ်ပါ..."
" ပါပါး။ သားနဲ့သူကအဆင်မပြေစရာမရှိပါဘူးရယ်။ သူနဲ့သားကလက်ထပ်ထားကျတယ်ဆိုပေမယ့် လင်မယားအရာမမြှောက်သေးဘူးလေ။ နောက်ပြီးသူကလဲ အိမ်မှာနေရတာပျင်းတာလား။ ဒါမှမဟုတ် လူမမာဖြစ်တဲ့သားကို မပြုစုချင်တာများလားမှမသိတာ။ "
YOU ARE READING
အချစ်တို့ဖြင့်ကာရံထားသော
Fantasyအချစ်ဆိုတဲ့အရာက ကံကြမ္မာလား၊ ဖူးစာလား ဒါမှမဟုတ်တစ်စုံတစ်ယောက်အတွက် ငါကအစားထိုးခံလား။ ဂုဏ်ရောင်ထိန်ညီး မင်းသခင် Sart.23.4.2024