Part.3 (Unicode)

255 20 4
                                    

" မောင်လေးရယ် နင်ကလဲ ဒါလေးသွားထားတာကိုကြာလိုက်တာဟယ်။ ကားထဲသွားထည့်ခိုင်းတာကို အိမ်ပြန်သွားတယ်ထင်နေလို့။ "

သခင်ဒီကုန်တိုက်ကြီးထဲမှာ မျက်စိလည်နေတာကို မမမှမသိတာလို့ပြောလိုက်ချင်ပေမယ့် သခင်မပြောရဲ။ ဟိုလူ့ကိုပဲသခင်ကျေးဇူးတင်ရမည်။ သခင့်ကိုတွေ့လိုက်တိုင်း သခင်ကတစ်ခုမဟုတ်တစ်ခု သူနဲ့တည့်သာတိုးနေတက်သည်။
အခုလဲသူလမ်းညွှန်လို့သာ မမရှိရာနေရာကိုသခင်ရောက်လာရသည်။

" ငါနင့်ကိုစောင့်နေတာ ဗိုက်တောင်အဆာလွန်နေပြီ။ "

" တောင်းပန်ပါတယ်မမ "

သခင်ထိုမျှလောက်သာပြောဖြစ်သည်။ မမကတော့သူ့ကိုမျက်စောင်းထိုးလို့ မကျေနပ်တဲ့ပုံစံ။ သို့ပေမယ့်လဲသခင်မတက်နိုင်လေ။ မမဗိုက်ဆာနေတယ်ဆိုလို့ သခင်စကားစကိုအမြန်သတ်ရတော့သည်။

" ရော့သခင် "

သခင့်ရှေ့ကိုရောက်လာတဲ့ ဘူးလေးတစ်ဘူးကြောင့် သခင်မမကိုကြည့်မိသည်။

" မွေးနေ့တုန်းကမပေးလိုက်ရလို့ "

မမကသခင့်ရှေ့ကိုတိုးပေးလာတဲ့ဘူးလေးကို မျက်စပစ်ပြလို့ သခင်ယူလိုက်ရသည်။ မမကသူ့ကိုဖွင့်ကြည့်လေဆိုတဲ့သဘောဖြင့် မေးငေါ့ပြလေသည်။ သခင်ဘူးလေးကိုဖွင့်ကြည့်တော့ အထဲမှာတန်ဖိုးကြီးလွန်းတဲ့ဖုန်း။

" ဘယ်လိုလဲကြိုက်ရဲ့လား။ "

Samsaungအမျိုးအစားပင်။ ဖုန်းလေးကလှရက်တာ သူနဲ့တောင်မလိုက်မဖက်။

" အို...မမရယ်ဈေးအများကြီးပေးရမှာကို သခင်မယူပါရစေနဲ့။ နောက်ပြီးသခင့်မှာ ဖုန်းခေါ်စရာလူမှမရှိတာကို။ အရေးတကြီးလိုတယ်ဆိုရင်လဲ အိမ်မှာကြိုးဖုန်းရှိနေတာကို "

" သခင်နင်ဟာလေ အရမ်းကိုလျှာကြောရှည်တာပဲ။ ငါကအမှတ်တရအနေနဲ့ဝယ်ပေးတာလေ။ နင်မယူဘူးလား။ "

မမကလေသံမာမာနဲ့ပြောလာတာမို့ သခင်အသာလေးငြိမ်နေရသည်။ မမဝယ်ပေးတဲ့ဖုန်းလေးကို သခင်သဘောကျပါသည်။ မမကသူ့ကိုကြည့်ကာပြုံးလို့ ခေါင်းညိတ်ပြလာသည်။ ဘာမှမဖြစ်ဖူးဆိုတဲ့သဘောနဲ့ပေါ့။ သခင်ပျော်လွန်းလို့လေ မျက်ရည်များတောင်ဝဲလာရပါတယ်။ သခင်ထိုင်နေရာကနေ မမကိုပွေ့ဖက်မိသည်။ မမကသခင့်ပခုံးလေးကို အသာအယာပုတ်ပေးလို့ အားပေးနှစ်သိမ့်ပေးသည်။

အချစ်တို့ဖြင့်ကာရံထားသောWhere stories live. Discover now