" မြေးရယ် အိင်္ကျီတွေကကြီးလှချေလား။ "
" ဟုတ်တော့ဟုတ်တယ်ရယ်ဖွား။ သားကလေ အိမ်ကနေထွက်လာကတည်းက အဝတ်အစားမှမပါတာ။ အဲ့တာလေ ဟိုလူရဲ့အဝတ်အစားတွေကိုယူဝတ်မိတာဖွားရဲ့။ ဟိုလူသတိရလာရင်တော့ သားကိုစိတ်ဆိုးမလားပဲနော်။ "
" ဘာလို့လဲမြေးရဲ့။ "
" ဘာရမလဲဖွားရယ် သားကသူ့အဝတ်အစားတွေကိုယူဝတ်ထားတာလေ။ တစိမ်းတစ်ယောက်က ပိုင်ရှင်ဖြစ်တဲ့လူကိုအသိမပေးပဲ သူ့ပစ္စည်းတွေယူကိုင်တာဆိုတော့ စိတ်ဆိုးမှာပဲလေ။ "
ဟား ဟား ဒေါ်ဧကရီထိန်လင်းတစ်ယောက် အခုမှအိမ်ကိုရောက်လာတဲ့ကောင်လေးကြောင့် အားရပါးရရယ်မောရတော့သည်။ ကောင်လေးက မြေးနဲ့အသက်သိပ်ကွာပုံမပေါ်။ ရိုးသားသည်၊ပွင့်လင်းသည်။ စိတ်ထဲရှိတဲ့အတိုင်းပြောတက်ပုံကို ဧကရီထိန်လင်းသဘောကျမိသည်။
" စိတ်ဆိုးစရာလားကွဲ့။ မြေးနဲ့ဖွားမြေးတို့က ဒီနေ့ပဲတရားဝင်လက်ထပ်ထားကြတာလေ။ အိမ်ထောင်ဖက်ဖြစ်သွားပြီကို။ မြေးကဘာတွေတွေးပြီးစိတ်ပူနေတာလဲ။ "
သခင်အခန်းထဲကနေထွက်လာတော့ သူ့ကိုထူးဆန်းစွာနဲ့ဝိုင်းကြည့်နေတဲ့မိသားစုဝင်တွေကြောင့် သခင့်မှာခြေလှမ်းများပင်မှားရသည်။ အချို့ကတော့ သခင့်ကိုကြည့်ကာပြုံးစိစိ၊ အချို့ကကျတော့ ရယ်မိမှာဆိုး၍ထင်သည် တစ်ဖက်ကိုမသိမသာလှည့်သွားကြတာကို သခင်မြင်တွေ့ရသည်။
သခင်လဲကိုယ့်ကိုကြည့်ပြီး ရယ်ချင်မိတာပဲ။ သူများရယ်ချင်စရာဖြစ်မှာပဲလေ သူဝတ်ထားတာက လူနဲ့မလိုက်မဖက်တဲ့အဝတ်အစားကြီးကို။" မြေးလာထိုင်ကွယ်။ တကယ်တော့လေ မြေးရဲ့နာမည်လေးနဲ့ အိမ်သားတွေကို ကိုယ်တိုင်မိတ်ဆက်စေချင်တာ။ မြေးကခုကစပြီး ဒီLingစံအိမ်တော်ရဲ့မိသားစုဝင်တစ်ယောက်ဖြစ်သွားပြီဆိုတော့လေ။ "
ဖွားရဲ့စကားကြောင့် သခင်အံ့သြရသလို၊ ဝမ်းလည်သာမိသည်။ စံအိမ်တော်ရဲ့မိသားစုတွေကလဲ သူ့ကိုအပြုံးနဲ့သာကြိုဆိုကြသည်။
" ကျွန်တော်နာမည်က မင်းသခင်ပါ။ လိုအပ်ချက်တွေရှိရင်လဲ သွန်သင်ဆုံးမပေးကြပါအုံးဗျ။ "
YOU ARE READING
အချစ်တို့ဖြင့်ကာရံထားသော
Fantasyအချစ်ဆိုတဲ့အရာက ကံကြမ္မာလား၊ ဖူးစာလား ဒါမှမဟုတ်တစ်စုံတစ်ယောက်အတွက် ငါကအစားထိုးခံလား။ ဂုဏ်ရောင်ထိန်ညီး မင်းသခင် Sart.23.4.2024