သခင်မနက်အစောကြီးထကာ ဘုရားပန်းရေလဲ။ သောက်တော်ရေကပ်ကာ အောက်ထပ်ကိုပြေးရပါသေးတယ်။
" မနောရေ။ မနော်။ "
သခင်အိမ်သာတွေအိပ်နေတာမို့ အသံတိုးကာမနောကိုခေါ်မိသည်။ မနော်က စံအိမ်ကြီး၏နောက်ပါးမှာနေတာမို့ သခင်မနက်အစောကြီးနိုးနေတာရယ်၊ မနောကမနက်အစောကြီးတံမြက်စည်းလှဲးနေတာကိုမြင်တာကြောင့် မနောကိုခေါ်ကာ မနက်စာချက်ပြုတ်ပေးမည်ဆိုကာ ပြောတော့မနောကတားသည်။ သခင်ကလဲမရ လုပ်မည်နဲ့ လွန်ဆွဲကြတဲ့အခါ သခင်ကအနိုင်ရသည်။
" လာပြီသခင်။ "
မနောကတံမြက်စည်းကိုချလို့ သခင့်အနားကိုအပြေးလာခဲ့သည်။
" ကိုထွန်းလင်းနဲ့ကိုထွန်းအောင်လဲ မတွေ့ပါလား။ မနက်စာအခုထိထမချက်သေးတာလားမနော။ "
" အဲ ဟိုလေသခင်။ "
" ဟုတ် "
" ကိုထွန်းလင်းနဲ့ကိုထွန်းအောင်ကလေ မနက်ဆိုဆယ်နာရီလောက်မှလာတာ။ ညဆိုခုနှစ်နာရီလောက်ပြန်ကြတာလေ။ "
" ဟင် ဒါဆိုမနက်စာကိုကျ ပုံမှန်ဘယ်သူချက်တာလဲမနော။ "
" မနောတို့ပဲချက်တာပါ။ မနက်စာဆိုတာက မနောတို့က ဖွားဆွမ်းတော်တင်ဖို့ရာကိုပဲ ချက်ပြုတ်ပေးရတာ။ ဖွားနဲ့အကိုကြီးရယ်၊ နောက်အကိုလေးထိန်ညီးတို့ကမနက်စာကို အပြင်ကနေပဲ မှာစားကြတာများတယ်။ "
" ဟုတ်"
စံအိမ်ရဲ့ဘုရားစင်ကိုကြည့်တာနဲ့ ဖွားကတရုတ်လူမျိုးဖြစ်သော်လည်း ဘာသာရေးကိုကိုင်းရှိုင်းတဲ့ပုံပါ။ ဘုရားစင်ကကြီးမားလွန်းကာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ကိုယ်ပွားတော်ရုပ်ထုအပြင် ဘုရားပန်းတွေကပ်လှူထားသည်မှာ ကြည်ညိုဖွယ်ကောင်းလှသည်။ ဖွား၏ဘုရားစင်မှာ ဖုန်တစ်စတောင်ရှိမနေအောင် ပြောင်စင်အောင်သုတ်ထားပါသေးတယ်။
သခင်ဆွမ်းတော်ကပ်ပြီး၊ ဘုရားဝတ်ပြုပြီးချိန်မှာတော့ မနောကလုပ်စရာရှိတာတွေကို အဆင့်သင့်လုပ်ပေးထားသည်။" သခင်ရေ အကုန်အဆင်သင့်ပြင်ထားပြီးပြီနော်။ အစ်မလုပ်လက်စလေးပြေးလုပ်လိုက်အုံးမယ်။ သခင်ခိုင်းစရာရှိရင် အစ်မကိုခေါ်လိုက်နော်။ "
YOU ARE READING
အချစ်တို့ဖြင့်ကာရံထားသော
Fantasyအချစ်ဆိုတဲ့အရာက ကံကြမ္မာလား၊ ဖူးစာလား ဒါမှမဟုတ်တစ်စုံတစ်ယောက်အတွက် ငါကအစားထိုးခံလား။ ဂုဏ်ရောင်ထိန်ညီး မင်းသခင် Sart.23.4.2024