Part.7 (Unicode)

224 16 1
                                    

သခင်အခန်းသန့်ရှင်းရေးလုပ်နေတုန်း မျက်လုံးတို့က စာကြည့်စင်အောက်ကို အကြည့်ကောက်သွားတော့ အလိုမကျတဲ့စိတ်အစဥ်ကဖြစ်ပေါ်လာသည်။ တစ်နေ့ညကလဲ ကိုထွန်းအောင်တစ်ယောက် ညစာအတွက်ဆိုပြီး ချက်ပြုတ်ပြီး အိမ်အပေါ်ထပ်ကိုတက်သွားတာကိုသခင်တွေ့ရသည်။ ညကလဲအဲ့လိုပဲ စားစရာတွေကို ပန်းကန်ထဲထည့်ယူသွားတာကိုတွေ့ရသည်။ အရင်လိုပဲအထင်နဲ့ ဘာမှမပြောပဲနေခဲ့တာ။ သခင်ခန်းစီးလိုက်ကာတွေကို ဖယ်ပြီးချိန်အောက်ထပ်ကိုဆင်းလာခဲ့သည်။

" ကိုထွန်းအောင် "

" ဗျာအကိုလေး။ ဘာခိုင်းစရာရှိလို့လဲ။ "

" ခိုင်းစရာတော့မရှိပါဘူး။ ကိုထွန်းအောင်ကိုမေးစရာရှိလို့။ "

" ဘာများလဲအကိုလေး "

သခင် ကိုထွန်းအောင်မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ကာ အကဲခတ်မိသည်။ ကိုထွန်းအောင်ကသခင့်မျက်လုံးတွေကိုရှောင်နေတာကိုတွေ့ရသည်။

" ညစာအတွက်ကဘယ်သူအတွက်လဲမေးချင်လို့ပါ။ "

ထွန်းအောင်မျက်နှာတဝိုက်ချွေးများပျံလာတယ်။ သခင်လေးကသိသွားပြီလား အတွေးကြောင့် ပိုပြီးစိတ်လှုပ်ရှားမိတာအမှန်ပဲ။ ထွန်းအောင်ဘယ်လိုဖြေရမလဲ အကြံအိုက်နေစဥ်မှာပဲ ဖွားကရောက်လာသည်။

" နပ်စ်မလေးအတွက် ညစာချက်ပေးရလေ့ရှိတယ်မြေး။ မြေးကစံအိမ်ကိုရောက်တာမကြာသေးလို့မသိသေးတာ။ နပ်စ်မလေးက ဆေးရုံတဖက်နဲ့ ညဆိုသူမကဆယ်နာရီကျော်မှ ပြန်လေ့ရှိတာကြောင့် ဖွားတို့ကပဲညစာကျွေးရတယ်လေ။ "

ဖွားစကားကြောင့် ထွန်းအောင်လဲအသက်ရှုချောင်သွားရသည်။ မဟုတ်ရင် သခင်လေးကို ထွန်းအောင်ဘယ်လိုရှင်းပြရမလဲမသိချေ။ အခုတော့ဖွားရောက်လာပြီး ဖွားပဲသခင်လေးကိုရှင်းပြပေးသည်။

ဖွား။ ဖွားဆိုတာက တစ်အိမ်သားလုံးက ယုံကြည်ချစ်ခင်လို့ အမြတ်တနိုးနဲ့ခေါ်တာ။ ဖွားနာမည်က ဧကရီထိန်းလင်း။ ယောကျ်ား၏မျိုးရိုးနာမည်ကိုယူထားတာကြောင့်သာ နောက်ကထိန်းလင်ဆိုတဲ့အမည်ပါတာဖြစ်သည်။

အချစ်တို့ဖြင့်ကာရံထားသောWhere stories live. Discover now