Part.10 (Unicode)

226 17 2
                                    

" ခင်ဗျားကိုကျွန်တော်ချစ်တယ်။ " စကားလုံးအစနဲ့တင် ရင်ခုန်လှိုက်မောခြင်းတို့ဖြစ်ပေါ်စေသည်။ ထိန်ညီးကြည့်မိတော့ မျက်ဝန်းစိုစို အရည်လဲ့လို့နေတဲ့ အကြည့်တွေနဲ့ငေးကြည့်နေတဲ့သခင်။ သခင့်မျက်လုံးတွေကလှသည်။.ဗာဒံစေ့လေးလိုမည်းနက်လို့။ မျက်ရှည်ကော့ကော့လေးတွေက ရှက်လို့မျက်လုံးမှိတ်လိုက်တိုင်း ဒေါင်းမြှီးလေးသဖွယ်ဖြာကျလို့နေတာကိုတွေ့ရသည်။ သေးရှည်ကာ ထိပ်မှာလုံးဝန်းသွားတဲ့နှာခေါင်း၊ နီရဲနေတဲ့ နှုတ်ခမ်းပါးလေးက အာဒံမစားဖြစ်လိုက်တဲ့ပန်းသီးလေးအလားပင်။

ရင်ခုန်ခြင်း၊စိတ်လှုပ်ရှာခြင်းတို့နဲ့အတူ ညှို့ဓာတ်ပြင်းတဲ့အကြည့်တွေအောက်မှာ ထိန်ညီးနှစ်မျှောလို့လိုက်ပါသွားမိတဲ့အခါ အနမ်းတို့ကိုဖြစ်ပေါ်စေသည်။

စိတ်လှုပ်ရှားတဲ့အခါ ဖြစ်ပေါ်တက်တဲ့နှုတ်ခမ်းလေးတွေက တုန်ရီလို့နေတာကို ထိန်ညီးမြင်တွေ့ရတဲ့အခါ နမ်းဖို့ကာကိုမေ့ပြီး နာမည်ကျော်ပန်းချီကားတစ်ချပ်ကို ငေးကြည့်ရသလိုပင်။

မျက်လုံးတို့ကိုမှိတ်လို့ ကျရောက်လာမည့်အနမ်းကို မျှော်လင့်နေသောသခင်။ တကယ်တမ်းကျရောက်လာတာက ခပ်တောင့်တောင့်လက်တစ်ချောင်း။ သခင်ရှက်လို့ခေါင်းကိုတစ်ဖက်လှည့်တော့ ပခုံးပေါ်ကိုမှီတင်းလာတဲ့ခေါင်းတစ်လုံး။ ဝင်သက်ထွက်သက်နွေးနွေးက လည်ပင်းကိုထိခတ်လာတဲ့အခါ သခင့်မှာရှိတဲ့သွေးကြောပေါင်းများစွာက ရပ်တန့်သွားပြီလို့ခံစားလိုက်ရသည်။ တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့အခုန်မြန်လာတဲ့ နှလုံးသားကို လျစ်လျူရှု့ကာ မသိကျိုးကျွံပြုလိုက်မိတယ်။

သူ့ရဲ့ချစ်ခြင်းတွေကြောင့် သခင့်ရဲ့ဘဝကိုလွတ်လပ်စွာမပျံသန်းနိုင်မှာကိုတွေးပြီး စိတ်ပူနေမိသည်။ သခင်ဟာသူတွေ့တုန်းကလိုမျိုး အဆင်မပြေတဲ့အခါတိုင်း ချောင် (ဂျောင်)ကလေးတစ်ခုမှာ တစ်ယောက်ထဲတိတ်တိတ်ကလေးငိုနေတာမျိုးကိုမကြိုက်။ ကိုယ့်စိတ်ထဲမှာအဆင်မပြေတဲ့အခါတိုင်း ပေါက်ကွဲပွင့်ချပစ်လိုက်တာမျိုးကိုသာမြင်ချင်သည်။

လက်ထပ်ခြင်းဆိုတဲ့စာချုပ်နဲ့လဲ သခင့်ဘဝကိုချုပ်နှောင်ထားတာမျိုးမရှိ။ လွတ်လပ်စွာပျံသန်းနိုင်အောင်သာ ထိန်ညီးကူညီပေးချင်မိသည်။
အခုလဲအိပ်မပျော်ဘူးလို့ပြောပြီး ပခုံလေးပေါ်ခေါင်းလေးမှီတင်မိတော့ မလှုပ်မယှက်နဲ့တောင့်တောင့်နေထိုင်နေတာလေးကလဲ အသည်းယားစရာကောင်းလှသည်။ သခင်မသိအောင် မျက်စိထောင့်ကနေခိုးကြည့်မိတော့ သခင်ကလေပူတွေကိုမှုတ်ထုတ်လို့နေသည်။

အချစ်တို့ဖြင့်ကာရံထားသောWhere stories live. Discover now