Part.9 (Unicode)

206 22 10
                                    

အလုပ်စဝင်တဲ့နေ့မှာတောင် လူချစ်လူခင်ပေါများတဲ့ သခင့်ကိုကြည့်ပြီး ထိန်ညီးပြုံးမိပါသည်။ ဒယ်ဒီကကိုယ့်ရဲ့အတိုင်ပင်ခံဆိုပြီး ကိုယ့်ရုံးခန်းထဲကိုထည့်ထားပေမယ့် ကောင်ဆိုးလေးကတော့ ရုံးခန်းထဲမှာမနေ အထဲမှာလုပ်စရာမရှိရင် အပြင်မှာသွားလုပ်မယ်ဆိုပြီး ထွက်သွားတာ အခုထိထိန်ညီးရှိတဲ့ရုံးခန်းထဲကိုပြန်ရောက်မလာသေးချေ။ ထိန်ညီးအလုပ်တွေသာလုပ်နေပေမယ့် အပြင်မှာရောက်နေတဲ့ကောင်လေးအဆင်ပြေပါ့မလားလို့ စိုးရိမ်ပြီးကြည့်ရတာအခါခါ။ ထိန်ညီးရုံးခန်းဟာ မှန်သားပြင်တွေနဲ့မို့ အပြင်ကအရာတိုင်းကိုမြင်တွေ့ရသည်။ ဘယ်သူဘာလုပ်တယ်ဆိုတာ အကုန်မြင်တွေ့ရသည်။ ထိန်ညီးအပြင်ကကောင်ဇိုးလေးကိုကြည့်ပြီး ပြုံးမိတာကအကြိမ်ကြိမ်။ အပြင်ကဝန်ထမ်းတွေနဲ့ လေပေးဖြောင့်နေတာကြောင့် သူ့ကိုတောင်သတိမေ့နေပုံပေါ်သည်။

သခင်စာရင်းတွေလုပ်လိုက် မသိတဲ့အရာတွေကို ရာထူးကြီးတဲ့မမအေသင်ကိုမေးလိုက်နဲ့။ သခင်ကလူသစ်ကလေးမို့ အားလုံးကိုကြိုးစားသင်ယူနေမိသည်။ ဒါတောင် သခင့်ထက်ကြီးတဲ့အစ်မတွေက ပါလာတဲ့မုန့်တွေကို ဇွတ်အတင်းထိုးပေးတာကြောင့် သခင်ငြင်းသော်လည်းမရတာမို့ သခင်ငြင်းမနေတော့ပဲလက်ခံထားမိသည်။ သခင့်အလုပ်စားပွဲပေါ်မှာလဲ စာရွက်စာတန်းကနည်းနည်း မုန့်ထုပ်တွေကစားပွဲအပြည့်နေရာယူထားသည်။ သခင်တော်ပါပြီလို့ပြောလဲမရ။

သခင်မုန့်တွေသိပ်မစားဖြစ်တာမို့ ဘယ်သူယူစားစားဆိုပြီး ချထားရသည်။

" တောင် "

သခင်ကွန်ပြူတာနဲ့ဖိုင်တွေစစ်နေချိန် ဖုန်းကအသံမြည်လာလို့ကြည့်မိတော့ ယွိကွမ်ဆီကဖြစ်သည်။

" ရုံးခန်းထဲလာခဲ့အုံး။ "

သခင်စာကိုဖတ်ပြီးချိန်မှာတော့ နှုတ်ခမ်းလေးကိုမဲ့ရွဲ့ပစ်သည်။ တင်စီးပုံကတော့ အမြင်ကပ်လောက်အောင်ကိုတင်စီးနေသည်။

သခင်ဖုန်းကိုဆတ်ခနဲကောက်ယူကာ ယွိကွမ်ရုံးခန်းကိုအပြေးသွားရသည်။

" ထိန်ညီးဘာခိုင်းစရာရှိလို့လဲ။ "

သခင်ရုံးခန်းထဲဝင်တော့ ယွိကွမ်ကကွန်ပြူတာမှာခေါင်းစိုက်လို့ အလုပ်ရှုပ်နေပုံရသည်။

အချစ်တို့ဖြင့်ကာရံထားသောWhere stories live. Discover now