" ဗျာ ဘယ်လိုမေမေလေး။ ကျွန်တော်ကယောကျ်ားတစ်ယောက်နဲ့လက်ထပ်ရမယ်ဟုတ်လား။ မဖြစ်နိုင်ဘူးထင်တယ်။ "
" ဘာကိုမဖြစ်ရမှာလဲသားရယ်။ သားသာဖေဖေ့ကိုမကူညီရင် ဖေဖေတို့ကုပ္မဏီကဒေဝါလီခံရရုံမကဘူး ဖေဖေတို့တစ်မိသားစုလုံးလမ်းပေါ်ကိုရောက်သွားမှာသား။ မင်းကူညီမှ ဖေဖေတို့အသက်ရှုချောင်မှာ။ "
ဖေဖေနဲ့မေမေလေးတို့ရဲ့မျက်နှာက မျော်လင့်ချက်တွေပျက်သုဥ်းလို့နေသည်။ ဘယ်လိုဖြစ်နိုင်မှာတဲ့လဲ Ling Groupရဲ့သားတစ်ယောက်ဟာ ယောကျ်ားတစ်ယောက်ဖြစ်တဲ့သူ့ကိုလက်ထပ်ယူပါ့မလား။ သခင်သိတာက မမနဲ့ဘက်ထပ်ပေးမယ်ဆိုတာလေ။ အခုကသူနဲ့လက်ထပ်ပေးမယ်ဆိုတော့ သခင်စဥ်းစားရကြပ်နေသည်။
ဖေဖေကကလဲမျက်နှာနွမ်းဖက်လို့ သခင့်ရဲ့အဖြေကိုမျှော်လင့်နေဟန်။" သူ့ဘက်ကကော သဘောတူကြည်ဖြူရဲ့လား။ "
" သဘောတူကြည်ဖြူတယ်သားရဲ့။ သားဘက်ကသာခေါင်းညိတ်ရင် အားလုံးအဆင်ပြေတယ်။ "
သခင်ဘယ်လိုပဲစဥ်းစားတွေးတောနေပါစေ အဖြေကထွက်မလာချေ။ ဒါပေမယ့်လည်း ဖေဖေ့ကို သူသနားသည်။ သူ့အပေါ်ကိုဖခင်တစ်ယောက်ရဲ့နွေးထွေးမှု့မပေးခဲ့ပေမယ့် သခင့်ရဲ့ဖေဖေပဲမဟုတ်လား။ သခင်ဖေဖေ့ကျေးဇူးကိုဆပ်ဖူးချင်သည်။ သခင်ဘယ်လိုလုပ်ရမလဲမသိတော့။
" သားရယ်ဖေဖေ့ကို ကူညီပါနော်။ ဖေဖေတို့မှာ မင်းတစ်ယောက်ကိုပဲ အားကိုးစရာရှိတာကြောင့်ပါ။ "
သခင်စိတ်ညစ်ရသည်။ ယောကျ်ားတစ်ယောက်ကို သူဘယ်လိုစိတ်နဲ့လက်ထပ်ရမလဲ။ ယောကျ်ားတစ်ယောက်သာ မဟုတ်ဘဲ မိန်းကလေးတစ်ယောက်သာဆို သခင်ချက်ချင်းခေါင်းညိတ်လက်ခံမိမှာအမှန်ပဲ။ တစ်ဖက်ကမျိုးတူစုယောကျ်ားကိုလက်ထပ်ရမှာမို့ သခင်စိတ်ညစ်မိသော်လည်း တစ်ဖက်ကဖေဖေ့ကျေးဇူးကိုဆပ်ရမှာဆိုတဲ့စိတ်ကြောင့် သခင်လက်ခံရန်ဆုံးဖြတ်လိုက်သည်။
" ကျွန်တော်လက်ခံပါတယ်ဖေဖေ။ သူတို့ဖက်ကသာ သဘောတူလက်ခံတယ်ဆို ကျွန်တော်မငြင်းပါဘူး။ "
ဖေဖေနဲ့မေမေလေးတို့ရဲ့မျက်နှာဟာ ချက်ချင်းပဲ ပြန်လည်ပြုံးရယ်လာတာကြောင့် သခင်လဲပြုံးမိပါသည်။
YOU ARE READING
အချစ်တို့ဖြင့်ကာရံထားသော
Fantasyအချစ်ဆိုတဲ့အရာက ကံကြမ္မာလား၊ ဖူးစာလား ဒါမှမဟုတ်တစ်စုံတစ်ယောက်အတွက် ငါကအစားထိုးခံလား။ ဂုဏ်ရောင်ထိန်ညီး မင်းသခင် Sart.23.4.2024