" နိုးပြီလား။ ခေါင်းကိုက်နေမှာပေါ့။ မျက်နှာမသစ်ခင်လေး ပျားရည်နဲ့သံပုရာလေးဖျော်ထားတယ်။ သောက်လိုက်အုံး။ "
ထိန်ညီးအခန်းထဲဝင်လာတော့ ခေါင်းကိုလက်မနဲ့လက်ညိုးသုံးကာ ဖိနှိပ်နေတဲ့သခင်။ အိပ်ယာပေါ်မှာထိုင်နေပြီး သူ့ကိုမျက်တောင်မခတ် စူးစိုက်ကြည့်လို့သာနေတယ်။ သခင့်ဘေးနားကခုံးပေါ်ကို မနက်စာနဲ့ သံပုရာရည်ခွက်ကိုတင်ပေးရင်း သခင့်ဘေးနားမှာထိန်ညီးဝင်ထိုင်လိုက်တယ်။
" တစ်ခါမှမသောက်ဖူးပဲ ဘာလို့များသောက်ရတာလဲကွာ။ တော်သေးတာပေါ့။ ညကလိုမူးနေတာမျိုးကိုသာ ဦးလေးရန်ကမင်းကိုလိုက်ထိန်းရမယ်ဆိုမလွယ်ဘူး။ "
" ည ညကဘာတွေဖြစ်သွားသေးလဲ။ ငါ ငါသိပ်မမှတ်မိတော့လို့။ "
သခင်တကယ်မမှတ်မိတဲ့ပုံပါ။ ဘာလို့ဆိုခုထိ ဘယ်သူ့အခန်းထဲရောက်နေသလဲဆိုတာကိုလဲမသိသေးသလို၊ မနေ့ကအဝတ်အစားတွေအစား နောက်တစ်စုံနေရာယူထားတာကိုတောင် သတိမထားမသေးတဲ့ပုံပါပဲ။
" အား...အခုမှပဲခေါင်းကိုက်သက်သာတော့တယ်။ ကျေးဇူးယွိကွမ် ။ အာ..sorryထိန်ညီး "
" ရတယ်မင်းကြိုက်သလိုသာခေါ်တဲ့
။ နောက်ကိုတော့အရက်မူးအောင်မသောက်နဲ့။ "သခင်နာမည်မှားခေါ်မိလို့ အငေါက်ခံရပြီလို့ထင်ပေမယ့် ထူးဆန်းစွာပဲယွိကကစိတ်မဆိုးပါပဲ ကြိုက်သလိုခေါ်တဲ့။ အဟိ။ နောက်ကိုအရက်မူးအောင်မသောက်နဲ့တဲ့။ အမလေး အခုတောင်နောင်တတွေရနေပြီလို့ပြောချင်မိသေး။
သခင်အခန်းကိုကြည့်မိတော့ သခင့်အခန်းမဟုတ်။ သခင်ထင်တာက ယွိကွမ်ကသခင့်အခန်းထဲကိုဝင်လာတယ်ပေါ့လေ။ သခင်ကသာယွိကွမ်အခန်းထဲကိုရောက်နေခဲ့တာပဲ။ ဟင် ဒီအဝတ်အစားတွေကကော။ ယွိကွမ်ကိုကြည့်မိတော့ ယွိကွမ်ကအေးဆေးစွာပင်။ ညကဘာမှမဖြစ်ခဲ့သလိုပါပဲ။ သခင်သံပုရာရည်ခွက်ကိုချတော့ အမှတ်တမဲ့ယွိကွမ်ရဲ့လက်ကိုကြည့်မိတော့ ပတ်တီးအဖြူစီးနှောင်ထားတာကိုတွေ့ရသည်။
" ယွိကွမ်လက်ကဘာဖြစ်တာလဲ။ "
ယွိကွမ်လက်ကိုဆုပ်ကိုင်ကာ စိုးရိမ်စွာမေးလိုက်ပေမယ့် ယွိကွမ်ကအပြုံးနဲ့သာ။
YOU ARE READING
အချစ်တို့ဖြင့်ကာရံထားသော
Fantasyအချစ်ဆိုတဲ့အရာက ကံကြမ္မာလား၊ ဖူးစာလား ဒါမှမဟုတ်တစ်စုံတစ်ယောက်အတွက် ငါကအစားထိုးခံလား။ ဂုဏ်ရောင်ထိန်ညီး မင်းသခင် Sart.23.4.2024