Part.11 Ep.1(Unicode)

183 17 0
                                    

Ep.1

" အရှက်တွေတော့ကွဲကုန်ပါပြီ။ ဘယ်အချိန်ထဲကသူကစရောက်နေတာလဲ။ "

သခင်သန့်စင်ခန်းထဲကိုအပြေးထွက်လာခဲ့တယ်။ မှန်ရှေ့မှာရပ်ပြီး သခင်တစ်ယောက်ထဲစကားတွေပြောနေမိပါတော့တယ်။ ယွိကွမ်ကိုသာမက ရုံးထဲကလူတွေကိုပါ သခင်ဘယ်လိုမျက်နှာနဲ့ရင်ဆိုင်ရမှန်းမသိတော့ပါ။ ကိုယ်ကလဲစိတ်တိုတိုနဲ့အားလုံးကိုအပြစ်ပါပြောနေခဲ့သေးတာလေ။

ပြေးထွက်သွားတဲ့သခင့်ကိုကြည့်ကာ ထိန်ညီးပြုံးလိုက်မိပါတယ်။ ဒီကောင်လေးကတကယ်ပဲ သူ့ကိုစိတ်ပူနေခဲ့တာက သိသာစေသည်။ ထိန်ညီးလက်ထဲကပါလာတဲ့ မုန့်ထုပ်တွေကို မနွေးလက်ထဲထို့ထည့်ပေးကာ ရုံးခန်းထဲကိုဝင်လာခဲ့တယ်။ အခုချိန်အထိ ထိန်ညီးရဲ့အတိုင်ပင်ခံလေးက ရုံးခန်းထဲကိုရောက်မလာသေးချေ။ ထိန်ညီးလက်ကနာရီကိုတကြည့်ကြည့်လုပ်နေမိသည်။

" ဒေါက် ဒေါက် "

" ဝင်ခဲ့ပါ။ "

ထိန်ညီးကွန်ပြူတာကိုကြည့်ကာ အလုပ်ရှုပ်နေဟန်နဲ့ ရှေ့ကိုမကြည့်မိအောင်ထိန်းထားရတယ်။ အခန်းတံခါးခေါက်တာ ဘယ်သူလဲဆိုတာသိနေတာကြောင့် တမင်အလုပ်ရှုပ်ချင်ယောင်ဆောင်နေတာပါ။

" ကော်ဖီ သကြားနည်းတယ်။ "

အမယ် အလိုက်တွေဘာတွေသိနေတယ်ပေါ့လေ။ ဒီနေ့မှထူးဆန်းနေတယ်လို့ ထိန်ညီးစိတ်ထဲကနေပြောနေမိသည်။

" အင်း ဒီနေ့ကော်ဖီလေးမဆိုးဘူး။ အရင်နေ့တွေကနဲ့စာရင် ဒီနေ့သောက်လို့ကောင်းတယ်။ "

ထိန်ညီးကော်ဖီကိုတစ်ငုံသောက်ကာ သခင့်ကိုကြည့်ပြီးပြောလိုက်တယ်။ သခင်ကတော့ သူ့ကိုရှက်နေကာ မျက်နှာကိုတဖက်သို့လှည့်ထားတာကိုတွေ့ရသည်။

" ဒီနေ့ရဲ့လုပ်ငန်းစဥ်တွေကိုပြောပါအုံး။ "

ထိန်ညီးဟာ အတွင်းရေးမှူးမထား။ အတိုင်ပင်ခံလဲသခင်။ အတွင်းရေးမှူးလဲသခင့်ကိုသာခန့်ထားသည်။ တစိမ်းတစ်ယောက်နဲ့ထိတွေ့ရမှာ ထိန်ညီးမကြိုက်တာကြောင့် အတွင်းရေးမှူးမခန့်ဖြစ်တာလဲပါသည်။

" ညနေခြောက်နာရီလောက်မှာ HK companyက ညစာဖိတ်ထားတာတော့ရှိတယ်။ မင်းငြင်းချင်ရင် ငြင်းလို့ရတယ်။ သိပ်တော့အရေးမကြီးဘူး။ နောက်နေ့လည်တစ်နာရီကတော့ ဖျက်လို့မရဘူး။ ငါတို့ရဲ့ဆိုင်ခွဲတွေကို သွားလေ့လာဖို့ရှိတယ်။ နောက်ပြီးဆိုင်ခွဲက ဝန်ထမ်းတွေကို မင်းမျက်နှာလဲပြရအုံးမယ်မဟုတ်လား။ "

အချစ်တို့ဖြင့်ကာရံထားသောWhere stories live. Discover now