Part.11 Ep.2 (Unicode)

213 16 1
                                    

Ep.2

ထိန်ညီးဂိုဒေါင်ထဲက ပြိုင်ကားလေးကိုထုတ်လိုက်တယ်။ သခင်တို့ရှိရာတည်နေရာကိုပေါ့။ သခင့်အကြောင်းတွေးမိလိုက်တာနဲ့ ပြုံးစေမိတဲ့ ဒီကောင်လေးဟာ တကယ်ပဲချစ်စရာကောင်းလွန်းတယ်။ ပထမတကြိမ်တွေ့တာဟာ မတော်တဆလို့လူတွေကသတ်မှတ်ကြတယ်။ ဒုတိယအကြိမ်တွေ့ဆုံပြန်ရင် ဒါဟာရေစက်တဲ့။ တတိယအကြိမ်တွေ့တယ်ဆိုရင် ဒါဟာဖူးစာတဲ့လေ။ လေးကြိမ်မြောက်တွေ့ဆုံမှု့ဆိုရှင်တော့ သူဟာကိုယ့်ရဲ့အိမ်ထောင်ဖက်ဖြစ်တယ်လို့ ထိန်ညီးတွေးမိသည်။ တကယ်လဲလေးကြိမ်မြောက်ဟာ သခင်နဲ့သူ့ရဲ့တရားဝင်လက်ထပ်ဖြစ်ခဲ့ကြတယ်။ သတို့သားမပါတဲ့လက်ထပ်ပွဲဆိုပေမယ့် သခင်ဟာထိန်ညီးရဲ့အိမ်ထောက်ဖက်ဖြစ်လာခဲ့တယ်လေ။ သခင့်ရဲ့စိတ်ကိုသိချင်တာကြောင့် စမ်းသပ်ခဲ့ပေမယ့် အခုချိန်အထိတော့ သခင်ဟာသူ့အပေါ်မှာရိုးသားပြီး ဒီအတိုင်းလေးရှိနေခဲ့ပေးတာကိုပဲ ထိန်ညီးစိတ်ထဲကနေကျေနပ်နေမိသည်။

****

" မနွေး မနွေးသိလား။ မနွေးတို့ခေါ်နေတဲ့ဘောစ့်ပေါက်စကလေ အိမ်ထောင်သည်သိလား။ "

" အင်း သိတယ်လေ။ အဲ့တာဘာဖြစ်လို့လဲသခင်ရဲ့။ "

" အဲ့ဒီအိမ်ထောင်ဖက်ကကော ဘယ်သူလဲသိလား။ "

" ဟယ် မသိပဲနေမလားကွယ်။ ဟောဒီကအမောင်သခင်မဟုတ်ဘူးလား။ "

" အော်...ကျွန်တော်လား။ အဟီး "

ရောက်ကတည်းကတစ်ခွက်ပြီးတစ်ခွက် မော့သောက်နေတဲ့သခင်။ သောက်ပါများလာတော့ မူးလာပုံရတယ်။ အရင်ကထပ်စကားတွေလဲများလာလို့ နွေးချစ်မှာ ဘောစ့်ပေါက်စလေးကို အကုန်အစီရင်ခံနေရတာနဲ့ မူးအောင်တောင်မသောက်ရဲ။ သခင်ဒီကိုထွက်လာပြီးလို့ ဘောစ့်ပေါက်စလေးကစာပို့တော့ နွေးချစ်မှာ အကုန်အဆင့်သင့်မှာလို့ သခင်မရောက်မချင်း ဘယ်သူ့ကိုမှ မစားမသောက်ခိုင်းရဲ။

ဘောစ့်ပေါက်စလေးက သူ့အမျိုးသားအတွက်ဆိုပြီးကဒ်တစ်ကဒ်လုံးတောင် သူမတို့လက်ထဲထိုးထည့်ပေးသေးတာပဲ သာမတို့ကကောဘာလို့မသုံးရဲရမှာလဲဆိုပြီး အကောင်းဆုံးစားသောက်ဆိုင် မဟုတ်ဘူး အကောင်းဆုံးအရက်ဆိုင် အဲ..အဲ့တာလဲမဟုတ်ဘူး။ နာမည်းကြီးတဲ့ဘားတစ်ခုက်ိုသွားကြတာ။ တီးလုံးတွေကမြူးကြွနေပေမယ့် သူမတို့တစ်ဖွဲ့လုံးမကရဲကြသေး။
သခင်ရောက်လာတဲ့အချိန်ကနေစလို့ အားလုံးဟာ ခွက်တွေကိုယ်စီကိုင်မြောက်လို့ သောက်စားနေကြပေမယ့် နွေးချစ်ကတော့ တစ်ငုံလောက်သောက်လိုက် ငါးမိနစ်ခြားတစ်ခါ ဘောစ့်ပေါက်စလေးကို အစီရင်ခံလို့ မူးအောင်တောင်မသောက်နိုင်ရှာပါ။

အချစ်တို့ဖြင့်ကာရံထားသောWhere stories live. Discover now