"Darling"
"ပြောလေ Chan"
"ဘာလို့အရမ်းငြိမ်နေရတာလဲ"
"မဟုတ်ပါဘူး အတွေးလွန်နေလို့"
"Jisung ကြောင့်လား"
သူ Chan ကိုသိပ်သဘောကျတာဒါတွေကြောင့်ပင် သူမျက်နှာပျက်တိုင်းသိနေတတ်ပြီးဘာကြောင့်လည်းဆိုတာပါပွင့်ပွင့်လင်းလင်းထုတ်မေးလေ့ရှိတာကြောင့်လေ။
"အင်း"
"ဘာလို့လဲ ကိုယ်သိခွင့်ရှိမလား"
"အင်း သိခွင့်ရှိတာပေါ့ဗျာ"
Chan ရဲ့ပုခုံးပေါ်တွင်မှီကာ Lee Know ခပ်ပြုံးပြုံးလုပ်ရင်းပြောလိုက်သည်။
"အဲ့ဒီကလေးလမ်းမှားရောက်မှာစိုးလို့ပါ"
"Jisung ရဲ့အခက်ခဲဆုံးအချိန်တွေတုန်းက ကျွန်တော်ကအနားမှာရှိနေပေးခဲ့ဝာာလေ"
"ထွက်မလာခင်တုန်းကလည်းသေချာမှာခဲ့တယ် မင်းပိုက်ဆံကြောင့်အမှားတွေလုပ်နေဦးမယ်ဆိုရင် ငါပြန်မလာဘူးလို့"
"ကလေးစုတ်ကနားမထောင်ခဲ့ဘူးလေ"
Lee Know ကျလာတဲ့မျက်ရည်များကို Chan ၏ပုခုံးဖြင့်ဖိသုတ်လိုက်သည်။
"အခုလည်း Hyunjin ဆိုတဲ့ကောင်နဲ့ပေါင်းနေပုံပဲ ဘာတွေများလုပ်နေလည်းမသိဘူး"
"Darling ကဖုန်းဆက်ကြည့်ချင်လား"
"သူ့ဟာသူအဆင်ပြေနေတဲ့ဘ၀ကိုကျွန်တော်မနှောက်ယှက်ချင်ပါဘူး သံယောဇဉ်ဖြတ်ရတာလွယ်တာမှမဟုတ်တာပဲ"
"ဒါနဲ့ ခင်ဗျားကဘာလို့အတင်းတွေဖုန်းဆက်ခိုင်းရတာလဲ"
"ရှင်းပါတယ် မင်းမပျော်ရင် ကိုယ်လည်းမပျော်နိုင်လို့လေ"
"နှပ်ချေးတွေထွက်တဲ့အထိငိုနေတော့ ကိုယ်ကဘယ်လိုကြည့်နေနိုင်မလဲလို့"
"ခင်ဗျားဆီကထွက်သွားရင်ဘယ်လိုလုပ်မလဲ"
"Darling ကိုအစကတည်းကကိုယ်မပိုင်ခဲ့ပါဘူး မပျော်ရင်ဆွဲမထားချင်ဘူး ရှိနေတုန်းတော့ကိုယ့်ဘက်ကအဆုံးထိချစ်ပေးမယ်"
YOU ARE READING
I Wanna Fuck The One I Envy
Fanfictionရန်သူနှစ်ယောက်ကိုဒီထက်ပိုပြီးရှေ့ဆက်စေချင်ကြမယ်ထင်လို့ ~