တစ်ပတ်ကို Gay Bar ဆယ်ခုလောက်ရောက်တတ်သော Changbin မှာယခုအခါတော့ခြေငြိမ်နေလေသည်။
သူ၏နွေဦးအိပ်မက်ထဲကနတ်သားလေးနှင့်တွေ့ခဲ့သော Bar တွင်သာတစ်နေကုန်ခြေကုပ်မိနေကာ ကုမ္ပဏီအလုပ်များကိုလည်းထို Bar ထဲတွင်သာလုပ်သည်အထိပင်။
ထိုနေ့ကသူနိုးတဲ့အချိန်ကောင်လေးမှာမရှိတော့ပဲအိပ်ရာဘေးတွင် Thank you ဆိုသည့် Note လေးသာထားခဲ့လေသည်။
Changbin ထို Note စာရွက်လေးကိုကိုင်ကာစိုက်ကြည့်နေမိသည်။
"Boss ဒီနေ့အစည်းအဝေးကအရေးကြီးတယ်နော်"
"အင်း သွားရမှာပေါ့"
လွယ်လွယ်စိတ်၀င်စားမှုလျော့သွားတတ်တဲ့လူမျိုးဖြစ်သော်လည်း ထိုကောင်လေးကိုရှာနေတာတစ်လခွဲကျော်ရှိပြီးဖြစ်ကာအစအနကိုရှာမတွေ့သေးတာဖြစ်သည်။
ကိုရီးယားနိုင်ငံ၏ထိပ်တန်းအဆင့် 5 Stars ဟိုတယ်ကြီးတွင်ပြုလုပ်မည့် နိုင်ငံစည်ပင်ရေး အိမ်ဖြူတော်အဆင့်အစည်းအဝေးကို Changbin လည်းတက်ရောက်ရလေသည်။
ညခင်း Dinner ပွဲတွင် Changbin လူရှင်းသည့် လသာဆောင်မှာရပ်နေကာ ဝိုင်နီတစ်ခွက်ကိုသောက်နေလေသည်။
ဖြတ်ခနဲတွေ့လိုက်သည့်ရွှေအိုရောင်အရိပ်ကလေးကြောင့် Changbin အမြန်လှည့်ကြည့်လိုက်ရာ စစ်မှုရေးရာ၀န်ကြီး၏သမီးနှင့်ခင်ပွန်းဖြစ်သူကိုတွေ့လို့က်ရသည်။
Changbin မှန်းချက်နဲ့နှမ်းထွက်မကိုက်တာကြောင့်သက်ပြင်းချကာ ဝိုင်ခွက်ကိုသာပြန်သောက်နေလိုက်သည်။
"ငါနားတော့မယ်"
အတွင်းရေးမှူးကိုမှာစရာရှိတာမှာထားခဲ့ကာ Hotel အပေါ်ဆုံးထပ်ရှိ VIP Room တွင်သာတစ်ညအိပ်ရန်ဆုံးဖြတ်လိုက်သည်။
Changbin ရေချိုးပြီးအ၀တ်အစားလဲကာအသင့်ပြင်ပေးထားသောည၀တ်အင်္ကျီကို၀တ်ကာကုတင်ပေါ်တွင်လှဲချလိုက်သည်။
ကောင်လေးအားရှာခိုင်းထားသော လူများဆီမှသတင်းပို့ချက်အရ အစအနပင်ရှာမတွေ့သေးတာကြောင့် Changbin ဖုန်းကိုပစ်ခွဲလိုက်ကာ စိတ်ရှုပ်လွန်း၍ဆံပင်များကိုလည်းထိုးဖွလိုက်သည်။
![](https://img.wattpad.com/cover/365167632-288-k671082.jpg)
YOU ARE READING
I Wanna Fuck The One I Envy
Fiksi Penggemarရန်သူနှစ်ယောက်ကိုဒီထက်ပိုပြီးရှေ့ဆက်စေချင်ကြမယ်ထင်လို့ ~