Stronger Than You Think

348 9 0
                                    

မျက်တွင်းဟောက်ပက်နှင့် Jisung အားကြည့်ကာ Changbin ခေါင်းသာတွင်တွင်ခါမိသည်။

Changbin မှာ ကိုရီးယားနိုင်ငံရှိ 5 Stars Hotel နှင့် Restaurant များ၏ပိုင်ရှင်ဖြစ်ကာ Jisung နှင့် Gay Bar မှာတွေ့ကာစတင်ခင်မင်ခဲ့တာဖြစ်သည်။

တွေ့တွေ့ချင်းကတော့ One Night Stand ဖို့ရည်ရွယ်ထားတာပေမဲ့ခရီးတစ်၀က်နဲ့တင် Lee Know အားသတိရကာထငိုသောကြောင့်အိမ်သို့ကားဖြင့်ပြန်မောင်းပို့ပေးခဲ့ရသည်။

ထိုအချိန်မှစ၍ညီအကိုများကဲ့သို့ခင်မင်ရင်းနှီးလာသည်မှာသုံးနှစ်မျှရှိပြီဖြစ်လေသည်။

"မင်းတော့လုံးပါးပါးမှာ‌ပဲ"

"အားတက်စေတဲ့စကားတွေ‌မပြောလို့ မရဘူးလား Hyung ရာ"

"မပြောလို့မရဘူး မင်းဖင်ပေးပေါင်းနေတာ Hwang Hyunjin ကြီးလေ"

"Hyung ကလဲ"

"Hyung ကမလဲနဲ့ ငါသိသလောက်သူ့ Partner တွေအကုန်လုံးသူ့ဒဏ်မခံနိုင်လို့ထွက်ပြေးကုန်တာ Lee Felix ဆိုတဲ့ကောင်လေးနဲ့မတွေ့ခင်အထိပဲ"

"အဲ့ကောင်လေးကခံနိုင်တယ်ပေါ့"

"သူတို့ ငါးနှစ်တောင်တွဲခဲ့တာ ခံနိုင်လို့နေမှာပေါ့"

"သူတို့ကဘယ်လိုတွေ့ကြတာလဲ Hyung"

"Lee Felix ကငါ့ Restaurant က၀န်ထမ်းပဲ တစ်နေ့ Hyunjin နဲ့တွေ့ပြီးငြိသွားကြတာ"

"အဲ့ကောင်လေးကဘိုကပြားလေးမို့ချစ်ဖို့ကောင်းပေမဲ့ မင်းလိုငွေမက်တယ် ပြီးတော့ Hyunjin လိုပဲဂုဏ်လည်းမက်တယ် အဲ့တာကြောင့်လည်း ၀န်ကြီးရဲ့သမီးနဲ့ယူလိုက်တာပဲကြည့်"

"ငါးနှစ်တောင်တွဲပြီးမှပြတ်တာပေါ့ နှမြောစရာကြီး"

"မင်းကကောဘာထူးလို့တုန်း"

"Hyung ကလည်း ကျွန်တော့်ဆိုပြောဖို့ပဲ"

"နေပါဦး မင်းစပ်စုလွန်းနေတာမဟုတ်ဘူးလား"

"ဒီတိုင်းသိချင်လို့"

"အေးပါ အေးပါ ‌Hyunjin နဲ့ကိစ္စကိုသာရအောင်ဖြတ် ကြာရင်မင်းအတွက်မကောင်းဘူး"

.......................

"အဲ့ညက Hyung မတွေးမိဘူးလား Jisung မှာလည်းအန္တရာယ်ရှိနိုင်မယ်လို့လေ"

I Wanna Fuck The One I Envy Where stories live. Discover now