Jisung ပင်ပန်းတာကြောင့်ထပ်အိပ်ပျော်သွားကာပြန်နိုးလာသောအချိန်မှာညပိုင်းဖြစ်နေလေပြီ။ ရာသီဥတုအေးသော်လည်းထူးထူးဆန်းဆန်းသူကတော့နွေးနေလေသည်။
နှဖူးကိုလာရိုက်တဲ့လေငွေ့နွေးနွေးကြောင့် Jisung အားယူကာမျက်လုံးဖွင့်ကြည့်လိုက်တော့။ ခန့်ညားလွန်းတဲ့မျက်နှာနုနုနှင့်သွားဆုံသည်။
"Hyunjin..."
Jisung တစ်အံ့တစ်ဩဖြင့်ရေရွတ်မိသည်။ Hyunjin ရဲ့ရင်ခွင်ထဲရောက်နေသည့်အသိကသူ့နားရွက်ဖျားလေးတွေကိုရဲလာစေသည်။
အစိတ်အပိုင်းတစ်ခုစီကိုသေချာငေးကြည့်ရင်းနှုတ်ခမ်းထူထူတစ်စုံပေါ်မှာအကြည့်တို့ကိုရပ်တန့်စေလိုက်သည်။
ဒီနှုတ်ခမ်းကပေးတဲ့နူးနူးညံ့ညံ့အနမ်းတစ်ပွင့်ကိုလည်းသူခံစားကြည့်ချင်ပါသေးသည်။
"ကြည့်လို့၀ရဲ့လား"
မျက်လုံးတစ်ဖက်ဖွင့်ကြည့်ကာမေးလာသော Hyunjin ကြောင့် Jisung မျက်လုံးချက်ချင်းမှိတ်လိုက်ကာ သရုပ်ဆောင်နည်းနည်းပိုပြီးပြင်စေရန် ပါးစပ်ဟ၍ပါဟောက်လိုက်သည်။
"ပြောင်လိမ်နေတာပဲ မင်းက"
"အား အား နာတယ်ကွ !!"
ပါးတစ်ဖက်ကိုအားဖြင့်ဆွဲလိုက်တာကြောင့် Jisung ရှုံ့မဲ့ကာအော်လေသည်။
"မင်းရဲ့ပါးမဟုတ်တိုင်း အသေမဆွဲနဲ့ကွ"
"ငါကဘယ်နေရာမဆိုအသေပဲဆွဲတာ မင်းသိမှာပါ"
နား အနားကပ်ကာပြောလိုက်တာကြောင့် Jisung ကြက်သီးများပါထသွားရသည်။
"တော်ပြီနော် Hyunjin တော်သင့်နေပြီ"
Jisung ၏ငိုမဲ့မဲ့မျက်နှာလေးအားကြည့်ကာ Hyunjin အော်ရယ်မိတော့သည်။
"ဟားဟားဟား စတာပါကွာ"
ရယ်မောနေတဲ့ Hyunjin အားကြည့်ကာ Jisung ၏ကမ္ဘာကြီးကထပ်မံရပ်တန့်သွားပြန်သည်။
Hyunjin ရဲ့ဒီအပြုံးတွေကိုသူအရင်ကဘာကြောင့်များသတိမထားမိခဲ့ရတာပါလိမ့်။
"Jisung... Jisung..."
"ဘာတွေကြည့်နေတာလဲ ငါ့မျက်နှာဘာဖြစ်နေလို့လဲ"
Hyunjin မှပုခုံးအားကိုင်ကာလှုပ်ရမ်းမေးလာမှအသိပြန်ဝင်လာသောသူ့ကိုယ်တိုင်ကြောင့်ရယ်ရမလိုငိုရမလိုပင်။
YOU ARE READING
I Wanna Fuck The One I Envy
Фанфикရန်သူနှစ်ယောက်ကိုဒီထက်ပိုပြီးရှေ့ဆက်စေချင်ကြမယ်ထင်လို့ ~