Fuck Out Mission

365 11 0
                                    

"ဒီတစ်ခေါက်အခြေအနေဘယ်လိုရှိလဲ"

"စိတ်၀င်စားဖို့ကောင်းတယ်"

"သူလျိုကဘယ်သူလဲ"

"ကျွန်တော်မသိသေးဘူး Hyung"

"မင်းနှစ်ပတ်ရှိနေပြီမလား"

"ဟုတ်တယ် ဒါပေမဲ့ ဖြစ်နိုင်တာ ကျွန်တော်တို့ကလက်ရည်တူတူပဲ"

"မင်းစိတ်လှုပ်ရှားနေတာအဲ့ဒါကြောင့်လား"

"Hyung ပဲတွေးကြည့် ကျွန်တော်နဲ့လက်ရည်တူ သူလျိုတစ်ယောက်တဲ့ တွေ့ရခဲတယ်မဟုတ်လား"

Jeongin မေးစေ့ကိုလက်ညိုးဖြင့်ပွတ်ကာခပ်ဖွဖွရယ်လိုက်သည်။

"မင်းစိုးရိမ်သင့်တာမဟုတ်ဘူးလား"

"ဟင့်အင်း"

"ငါကတော့စိုးရိမ်တယ် ဒီစစ်ဆင်ရေးမအောင်ရင်မင်းကိုအရင်သတ်ပစ်မယ်"

"ရော် Hyung ရဲ့အလုပ်ကိုတော့တုတ်နဲ့မထိုးပါဘူး စိတ်ချ"

လက်ညှိုးနှစ်ချောင်းဖြင့်အလေးပြုကာရုံးခန်းထဲမှထွက်သွားရင်ရန်ပြင်နေသော Jeongin ကို Hyunjin လှမ်းပြောလိုက်သည်။

"ဂရုစိုက်"

Jeongin ကပြုံးပြီးခေါင်းငြိမ့်ပြကာအခန်းထဲမှထွက်သွားလိုက်သည်။

.......................

ဒိုင်း ဒိုင်း ဒိုင်း

အဖွဲ့နှစ်ဖွဲ့မှာအချင်းချင်းပစ်ခတ်နေကြကာ တစ်ဖက်မှာတော့မသမာသူများဖြစ်ပြီး တစ်‌ဖက်မှာတော့ Jisung တို့အဖွဲ့ဖြစ်သည်။

"Boss , 45° ထောင့်မှာလူတစ်ယောက်လာနေတယ်"

"သိပြီ"

လျှင်မြန်သောလှုပ်ရှားမှုနှင့်အတူထိုလူ၏နှဖူးတည့်တည့်သို့ Jisung ၏ကျည်ဆံမှာထိုးဖောက်သွားတော့သည်။

၅လနီးပါးလိုက်ခဲ့သောမူးယစ်ဆေးဝါးဂိုဏ်းတစ်ခုကိုနောက်ဆုံးဖမ်းနိုင်တော့မည်ဖြစ်ကာနှစ်ဖက်လုံးမှာအသဲသန်ပစ်ခတ်နေကြတော့သည်။

ရုတ်တရက်ထွက်ပြေးလာသောဓားစာခံမိန်းကလေးအား Jisung ပြေးကယ်ပြီးသူ၏အနောက်သို့ပို့လိုက်တာကြောင့် မိန်းကလေးကိုပစ်လိုက်သောကျည်မှာ Jisung ၏ဗိုက်ကိုမှန်သွားတော့သည်။

I Wanna Fuck The One I Envy Where stories live. Discover now