All Eyes On Him

311 9 0
                                    

"Boss ဆီကိုဖိတ်စာလာတယ်"

သူ့နာမည်ရေးထားသောဖိတ်စာတစ်စောင်ကို Hyunjin ခတ္တမျှငေးကြည့်ပြီးနောက် ခပ်မြန်မြန်ပဲဖွင့်ဖတ်လိုက်သည်။

Lee Felix နှင့် သူ၏ဇနီးတို့ရဲ့နှစ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်ဆိုပါလား။ ကျေးဇူးဆပ်တဲ့အနေနဲ့ဆိုပဲ။

"မင်းကတစ်ခြားမိန်းမတစ်ယောက်ရဲ့လက်ကိုတွဲပြီးပြုံးပျော်နေတာကို ဒုတိယအကြိမ်ထပ်ကြည့်ပေးရမယ်ပေါ့လေ"

အထက်၀န်ကြီးရဲ့အမိန့်အရငြင်းပယ်ခွင့်မရှိဘူးဆိုတဲ့အချက်နဲ့ Felix ကတော့သူ့ကိုထပ်ပြီးအကြပ်ကိုင်ပြန်ပြီ။

"Boss မသွားချင်ရင်...."

"မဖြစ်ဘူး သွားရမယ်"

အတွင်းရေးမှူးမလေးမှာဘာမှဆက်မပြောရဲပဲသက်ပြင်းငွေ့ငွေ့သာချလိုက်သည်။

"၀တ်စုံအသင့်ပြင်ထားပေးပါ ညနေပိုင်းတွေ့ဖို့ရှိတာတွေလည်းဖျက်လိုက်"

"ဟုတ်ကဲ့ Boss"

အတွင်းရေးမှူးမလေးအပြင်ထွက်သွားပြီးနောက်အခန်းထဲကို၀င်လာသည်က Jeongin ပင်။

"Hyung"

လက်ထဲမှဖိတ်စာအားထောင်ပြကာမျက်ခုံးပင့်ပြလာသည်မို့ Hyunjin လည်း‌ခေါင်းအသာညိမ့်ပြလိုက်သည်။

"Hyung သွားမှာလား"

"မသွားလို့မှမရတာ"

"Felix ဆိုတဲ့ကောင်ကလည်းလေ ဒီလောက်ဖြစ်ပျက်ပြီးတာတောင်အခြေအနေကိုနားမလည်တာလား"

"သူရွေးချယ်လို့ရတဲ့အရာမဟုတ်ဘူး ကလေးကကလေးလိုနေ"

"အဲ့ဒီကလေးကထိပ်တန်း Spy ဆိုတာလေးလည်းခေါင်းထဲထည့်ထားဦး"

"ငါ့ထက်ငယ်ရင် ကလေးပဲ"

......................

"Jisung မင်းသွားမှာလား"

"မအားဘူး ပိုက်ဆံရမဲ့အလုပ်တွေရှိသေးတယ်"

"ဖိတ်စာတောင်ပို့ထားတာကို"

"ဘာအရေးလဲ ပိုက်ဆံရမှာမှမဟုတ်တာ"

"ရော့ စိတ်ပြောင်းသွားရင်ဒါကို၀တ်ခဲ့ Channel က Limited edition"

I Wanna Fuck The One I Envy Where stories live. Discover now