Felix ပျောက်နေတဲ့သတင်းနှင့်အတူတစ်ဖက်တွင်လည်း Changbin ဆီကသတင်းမကြားသဖြင့် Jisung မှာလျို့ဝှက်စွာရှာနေရလေသည်။
"Hwang ... Felix ရဲ့အခြေအနေဘာထူးလဲ"
"ကိုယ်တို့လည်းရှာမတွေ့သေးဘူး Ji"
ဒီရက်ပိုင်း Hyunjin နှင့် Jisung လည်းအလုပ်ထဲတွင်သာအာရုံစိုက်နေရတာကြောင့်ဖုန်းဖြင့်ဆက်သွယ်တာမျိုးသာရှိကြလေသည်။ ပျောက်ဆုံးနေသူနှစ်ယောက်ကဒိတ်ဒိတ်ကြဲတွေဖြစ်တာကြောင့် နိုင်ငံကလည်းဆူပွက်နေလေသည်။
Changbin ၏သတင်းကိုတစ်ခြားသူများအားအသိမပေးသေးပဲကြိတ်ရှာနေတာဖြစ်သော်လည်းအချိန်အနည်းနဲ့အများမှာပင်သိသွားကြမည်ဖြစ်တာကြောင့် Jisung လည်းခေါင်းရှုပ်နေရသည်။
အကိုတစ်ယောက်လိုခင်ရတဲ့သူဖြစ်တာကြောင့်လည်း Jisung မှာရင်ပူနေရလေသည်။
သတင်းကိုဖွင့်ကြည့်လိုက်တော့ Felix ဆီမှအဆက်အသွယ်ရသည့်အကြောင်းသတင်းများတက်လာပြန်သည်။
စာတစ်စောင်ဖြစ်ကာ သူ့အားလိုက်မရှာရန်နှင့် သူ့အဆင်ပြေစွာရှိနေကြောင်းအပြင် အမတ်ချုပ်ကြီးသမီးနှင့်ကွာရှင်းမည့်အကြောင်းအရာများပါလေသည်။
အသာတကြည်ကွာရှင်းမပေးပါကလည်း သူကွာရှင်းချင်ရသည့်အကြောင်းအရင်းကိုပြည်သူတွေကိုအတိအလက်းကြေငြာမည်ဟုပါရေးထားလေသည်။အမတ်ကြီးကိုယ်တိုင်ဆုံးဖြတ်ရမည့်ကိစ္စဖြစ်ဝာကြောင့် အထက်အမိန့်ဖြင့်ရှာဖွေခြင်းကို Hyunjin ကရပ်ဆိုင်းထားလိုက်ရတော့သည်။
Ring Ring Ring ~
"Changbin Hyung ... ခင်ဗျားဘယ်တွေသွားနေတာလဲ"
"Hyung ကိုစိတ်ပူနေမှာသိပါတယ် အဲ့တာကြောင့်ပဲဖုန်းလှမ်းဆက်တာ"
"Hyung အဆင်ပြေပါတယ် ခဏလောက်ဘရိတ်ချင်လို့ ကုမ္မဏီကိုလည်းအတွင်းရေးမှူးကိုအပ်ထားခဲ့တာမို့လို့ အရမ်းစိတ်မပူလဲရတယ်"
"ခင်ဗျား ယောက်ျားခိုးပြေးသွားတာတော့မဟုတ်ဘူးမလား"
"အဟား"
"Hyung ... ခုနကရယ်တဲ့အသံက Hyung ရဲ့အသံမဟုတ်တာကျွန်တော်သိတယ်နော်"
YOU ARE READING
I Wanna Fuck The One I Envy
Fanfictionရန်သူနှစ်ယောက်ကိုဒီထက်ပိုပြီးရှေ့ဆက်စေချင်ကြမယ်ထင်လို့ ~