မျက်နှာအားလာထိသောနေရောင်နွေးနွေးကြောင့် Jisung မျက်လုံးများကိုအားယူကာဖွင့်လိုက်သည်။
ဘယ်အချိန်ရှိပြီလဲမသိပေမဲ့သူအိပ်ပျော်သွားသည်က Hyunjin ရဲ့ကုတင်ပေါ်မှာဆိုတာတော့သေချာသည်။
"နိုးပြီလား"
အသံကြားရာသို့လှည့်ကြည့်လိုက်ရာအိမ်နေရင်း Pajama ၀မ်းဆက်၀တ်ထားသည့် Hyunjin ဖြစ်ကာလက်ထဲတွင်လည်းကော်ဖီနှစ်ခွက်ကိုကိုင်ထားလေသည်။
"ဘယ်အချိန်ရှိပြီလဲ"
"မနက် ၇ နာရီ"
"ဟမ် ငါမနေ့ကတစ်နေ့လုံးအိပ်ပျော်သွားတာပေါ့"
"အင်းပေါ့"
"ဟို ငါ့အေဂျင်စီ ..."
"ငါ့ညီကိုလွှတ်ထားတယ်"
Jisung နဲ့ Hyunjin ကဆယ်စုနှစ်တစ်ခုကြာပြိုင်ဘက်တွေဖြစ်ခဲ့ကြတယ်ဆိုပေမဲ့ Jeongin ကဦးစီးပေးနေသည်ကိုကြားတော့မတုန်လှုပ်မိချေ။ Hyunjin ကော သူနဲ့ပတ်သတ်တာတွေကပါ Safe Place လိုခံစားရတာကြောင့်။
"Americano ?"
Jisung ခွက်ကိုလက်ညှိုးထိုးကာစိတ်လှုပ်ရှားနေသောအသံဖြင့်မေးလိုက်သည်။
"အင်း"
Hyunjin ခွက်တစ်ခွက်ကို Jisung ကိုပေးလိုက်သည်။
"မသောက်ရတာနှစ်ပတ်လောက်ရှိပြီ"
"အဲ့တာပူ..."
"အ့ ပူလိုက်တာ"
ပူသွားတဲ့လျှာအားထုတ်ကာလက်ဖြင့်ယပ်ခပ်နေတဲ့ Jisung ရဲ့ဘေးကို Hyunjin ၀င်ထိုင်လိုက်သည်။
"ငါကူညီပေးမယ်"
Jisung လက်ထဲမှခွက်အားယူလိုက်ကာ Night Stand ပေါ်သို့တင်လိုက်ပြီးနောက် နှုတ်ခမ်းများဖြင့် Jisung ၏လျှာကိုစုပ်ယူကာနမ်းလိုက်သည်။
Hyunjin ၏အပြုအမူကြောင့် Jisung မျက်လုံးများဝိုင်းစက်သွားကာလက်နှစ်ဖက်ပါအနောက်သို့ထောက်လိုက်မိသည်။
ပိုမိုပြင်းထန်လာသောရူးသွပ်စရာကောင်းတဲ့အနမ်းများကြောင့် Jisung မျက်လုံးမှိတ်လိုက်ကာပါးဖောင်းဖောင်းလေးများမှာလည်းနီရဲလာတော့သည်။
Hyunjin ၏လက်များမှာလည်းအင်္ကျီအောက်သို့တိုး၀င်လာကာဗိုက်သားများကိုပွတ်သပ်နေသေးသည်။
YOU ARE READING
I Wanna Fuck The One I Envy
Fanficရန်သူနှစ်ယောက်ကိုဒီထက်ပိုပြီးရှေ့ဆက်စေချင်ကြမယ်ထင်လို့ ~