Choose Wisely

328 11 0
                                    

ရုံးဆင်းချိန်ရောက်နေပြီဖြစ်သော်လည်း Jisung ရုံးခန်းထဲမှထွက်မလာသေးပေ။ အေဂျင်စီရှိမီးများတစ်ချို့တစ်၀က်မှာလည်းပိတ်နေပြီဖြစ်ကာ Jisung နှင့်အစောင့်များကလွဲလို့မည်သူမျှမရှိတော့ချေ။

Boss ဖြစ်သူအလုပ်ပိနေသည်ဟု၀န်ထမ်းများတွေးကောင်းတွေးနိုင်သော်လည်း အမှန်မှာ Hyunjin ကိုစောင့်နေခြင်းသာဖြစ်သည်။

ရုံးခန်းရှိရာအေဂျင်စီအမြင့်ဆုံးအထပ်မှလှမ်းမြင်ရတဲ့ပြိုင်ကားအမဲလေးကြောင့် Hyunjin ဖြစ်မည်ဆိုတာ Jisung တန်းသိလိုက်သည်။

ရည်းစားထားခါစဆယ်ကျော်သက်ကောင်မလေးများကဲ့သို့ Jisung ပျော်ရွှင်စွာရုံးခန်းထဲမှထွက်လာကာဓာတ်လှေကားကိုစီးပြီးကားပါကင်သို့သွားလိုက်သည်။

ဓာတ်လှေကားတံကားဖွင့်ဖွင့်ခြင်းမြင်လိုက်ရသည့် Hyunjin ၏မျက်နှာမှာ Jisung အတွက်သိပ်ကိုဆွဲဆောင်မှုရှိနေလေသည်။

"စောင့်နေသားပဲ"

"အလုပ်ဆင်းတာနောက်ကျလို့ တစ်ခြားဘာအကန့်မှမရှိဘူး"

Jisung ဓာတ်လှေကားထဲမှထွက်ပြီး Hyunjinကိုပုခုံးချင်းတိုက်သွားကာ မိမိ၏ကားဆီသို့ဦးတည်လိုက်သည်။

ကားတံခါးဖွင့်လိုက်ကာအထဲ၀င်ရန်ပြင်နေတုန်းအနောက်မှလိုက်လာသည့် Hyunjin မှာထိုတံခါးကိုဆောင့်ပိတ်လိုက်ပြီးနောက် Jisung ကိုလည်းခါးမှဆွဲလှည့်လိုက်သည်။

"ဟန်ဆောင်မနေပဲနဲ့ ငါ့ Apartment ကိုသာလိုက်ခဲ့"

Hyunjin မှာ Jisung ၏လက်အားဆွဲကာသူ၏ပြိုင်ကားပေါ်သို့ခေါ်သွားကာ Apartment သို့ဦးတည်လိုက်သည်။

ကားမောင်းနေသော Hyunjin အား Passenger Seat မှထိုင်ကာခိုးခိုးကြည့်မိနေသည်မှာသူ၏‌ခန့်ငြားသော Side Profile ကြောင့်ဆိုတာ‌တော့သူမငြင်းနိုင်‌ပေ။

"ဘာတွေအဲ့လောက်ကြည့်နေတာလဲ"

"မင်းကိုမကြည့်ပါဘူး မင်းကိုကျော်ပြီး အပြင်ကိုကြည့်နေတာ"

"ပြတင်းပေါက်ကမင်းဘက်မှာလဲရှိတယ်လေ"

"မင်းဘက်ကအခြမ်းကိုကြည့်ချင်တာ"

နှုတ်ခမ်းစူကာပြောနေတဲ့ Jisung ကိုကြည့်ကာ Hyunjin ခေါင်းခါလိုက်သည်။

I Wanna Fuck The One I Envy Where stories live. Discover now