Pervert Hwang

303 14 3
                                    

Hyunjin နဲ့ Jisung မှာ Seungmin ကိုချုပ်နှောင်ထားသည့်ဂိုထောင်တစ်ခုအနားသို့ရောက်နေကြခြင်းဖြစ်လေသည်။

တောင်နှင့်မြောက်နယ်စပ်ဖြစ်တာကြောင့်သတိကြီးကြီးထားကာမှောင်ရိပ်ခိုပြီး၀င်ရတာဖြစ်လေသည်။

ဂိုထောင်ထဲသို့ Hyunjin က Jeongin ပြောသည့်လမ်းကြောင်းအတိုင်းသွားကာ Jisung မှာတော့ Backup အဖြစ်အပြင်မှာနေခဲ့ရလေသည်။

"Hwang ဂရုစိုက်နော်"

ပုခုံးကိုဆုပ်ကိုင်ကာပြောလာသော Jisung ကို Hyunjin ပြုံးပြလိုက်သည်။

"စိတ်မပူနဲ့ ကိုယ်ဟိုကောင်လေးကိုခေါ်ပြီးဘေးကင်းကင်းနဲ့ပြန်ထွက်လာခဲ့မယ်"

အထဲ၀င်သွားပြီဖြစ်သော Hyunjin အားကြည့်ရင်း ပါလာသောအရံအဖွဲ့အား Jisung နားထဲကကိရိယာမှတစ်ဆင့်‌ပြောလိုက်သည်။

"15 မိနစ်နေလို့မှပြန်ထွက်မလာရင် ငါပါလိုက်၀င်မယ်"

ဂိုထောင်နားသို့ကင်းစောင့်လှည့်လာတဲ့အစောင့်များကို Silencer တပ်ထားသောသေနတ်ဖြင့် Jisung ရှင်းလိုက်သည်။

အချိန် 5 မိနစ်သာကျန်တော့တာကြောင့် Jisung ရင်များပူလာလေသည်။

"Hwang ရာ ထွက်လာပါတော့ကွာ"

Timer မှအချိန်ရပ်သွားတာနှင့်အတူ Jisung တံခါးကိုဆွဲဖွင့်လိုက်တော့ တံခါးရှေ့တွက်ဒူးထောက်လျက်ရှိနေသော Hyunjin မှာသွေးအလိမ်းလိမ်းဖြင့် Seungmin ကိုလည်းတွဲထားသေးသည်။

ဘေးတွင်လည်းသွေးအိုင်ထဲလဲနေကြသောစစ်သားအချို့မှာ Hyunjin ၏လက်ချက်ကြောင့်ဆိုတာမေးကြည့်စရာပင်မလို။

Hyunjin ၏ဗိုက်တွင်လည်းသေနတ်ဒဏ်ရာတစ်ခုရှိနေကာ တံခါး‌ရှေ့ရောက်သည်အထိအားတင်းထားရပုံပေါ်သည်။

"Ji..."

ထိုအချိန်ပွင့်လာသော Alarm သံများကြောင့် Jisung အသိပြန်၀င်လာကာ...။

"အကူတပ်တွေ၀င်လာခဲ့ပါ မြန်မြန်လေး !!!"

Jisung in ear မှတစ်ဆင့်ပြောလိုက်တော့အကူတပ်များ၀င်လာကာအစောင့်များနှင့်ပစ်ခတ်ကုန်ကြတော့သည်။

အဝေးတစ်နေရာမှ Sniper ကိုင်ထားသည့် Jeongin မှာလည်း Jisung တို့သုံးယောက်ထွက်လာသည့်လမ်းကြောင်းပေါ်ရှိရန်သူများအားရှင်းလင်းပေးနေလေသည်။

I Wanna Fuck The One I Envy Where stories live. Discover now